ဘုန်းတော်ကြီးကျောင်းမှပြန်လာပြီး Lucasကိုသတိရနေ၏။ သူ၏ဓာတ်ပုံလေးကိုကြည့်ကာ တစ်ညနေလုံးထိုင်နေမိသည်။
ရိုင်ယန်လေးနေမကောင်း၍ ကလေးငယ်လေးကိုလည်း ပြုစုပေးဖို့ရာ မရဏဖွား၏အိမ်သို့ရောက်နေခဲ့သည်။
ညစာစားဖို့အတွက် ကိုယ်တိုင်ချက်ပြုတ်ရပေမည်။ သခင်မကြီးနဲ့ရွှေရင်အေးတို့ ကလေးထိန်းနေကြ၍ သားသုံးယောက်ကို
စိတ်ချလက်ချထားခဲ့ပြီး မီးဖိုချောင်ဝင်နေမိ၏။"ရွှေရင်ငြိမ်း ငါ့ကိုအမြည်းလုပ်ပေး..."
ခပ်တည်တည်ပြောကာ သူကိုင်လာသောအရက်ပုလင်းနှင့်အရက်ခွက်ကို ထောင်ပြလာလေ၏။
"ပြောပါဦး ဘာလို့ခင်ဗျားကို အမြည်းလုပ်ပေးရမှာလဲ..."
"ငါ့အမေကပြောတယ် မင်းရဲ့သားရမ်လေးက ငါနဲ့ရခဲ့တာဆို အဲ့တော့ မင်းကငါ့ရဲ့မယားပဲလေ..."
"ကျွန်တော်ကယောကျာ်းလေးနော် ဒါကိုသိထားလိုက်..."
"သိတယ်လေ ဒါပေမယ့် မင်းငါနဲ့လက်ထပ်ခဲ့တာပဲ မယားလုပ်ခဲ့တာပဲမဟုတ်လား..."
"ဒီမှာ..."
"စောက်စကားမများနဲ့ကွာ အမြည်လေးလုပ်ပေးပါဆိုနေ..."
အရွက်လှီးနေသူ၏ အနားသို့ကပ်လာလေသူကြောင့် သူ၏ရင်ခွင်ထဲ ကျောပြင်တစ်ခုလုံးကဝင်ရောက်သွားရ၏။ နားနောက်ဘက်မှ လေနွေးငွေ့ငွေ့ကြောင့် တောင်ခနဲ။ နားရွက်တစ်ခုလုံးကို ငုံထွေးလို့ ခပ်တိုးတိုးပြောလာလေသောစကားသံ။
"ဘာလဲ မင်းကိုပဲ စားလိုက်ရမလား..."
"လူရမ်း...အွန်း..."
နောက်သို့အလှည့် ခါးမှပွေ့ဖက်ခြင်းကိုခံလိုက်ရလေ၏။ နှုတ်ခမ်းတစ်ခုလုံးကို ဆုပ်ထွေးကာ အတင်းအကြပ်နမ်းရှိုက်လာသူ။
ရွံရှာပါသည်။ တစ်ပါးသူနှင့်နမ်းရှိုက်ထားသူအား တကယ့်ကိုရွံမုန်းပါ၏။
အားအင်ကမမျှတလေတော့ ထုရိုက်ကန်ကြောက်နေရင်း မီးဖိုချောင်ပေါ်မှာတင်
ဆွဲ မှောက်ခံလိုက်ရ၏။ဓားကိုလက်လှမ်းသော်လည်း မမှီတော့ပေ။ ကြမ်းြပင်ထက်သို့ပြုတ်ကြသွားလေသည်။