ကြားခဲ့ရသောသတင်းမှာ ဒါဒါ၏အဖေဆုံးပါးသွားခဲ့ပြီး ဒါဒါကိုယ်တိုင်လည်း ကိုရီးယားနိုင်ငံသို့ ထွက်သွားခဲ့သည်ဟူ၍။
ကိုယ့်ပယောဂမကင်းခြင်းကြောင့် စိတ်မကောင်းပါ။
သို့သော်လည်းမတတ်နိုင်ပေ။ မဂ်လာပွဲအတင်းအကြပ်စီစဉ်ခဲ့ကြသူများက သူတို့ကိုယ်တိုင်ဖြစ်နေခဲ့သလို သတို့သားဖြစ်သော
ကိုယ်ကလည်း သူတို့ထားရာ နေစေရာသွား မဖြစ်ချင်ပါ။အကယ်၍များလက်ထပ်ခဲ့ပြီးလျှင် မိန်းမမိသားစုများရဲ့ကြီးစိုးမှုကို ဘယ်လောက်ခံရမလဲ။ မတွေးတောင်မတွေးရဲတော့သလို မိန်းမတစ်ယောက်ကိုလက်ထပ်ပေါင်းသင်းဖို့အထိလည်း မိမိရဲ့ဖြစ်တည်မှုကိုမပြောင်းနိုင်ပါ။
ယောကျာ်းတစ်ယောက်ကိုပဲ တစ်သက်မှာ တစ်ပဲချစ်မှာ။
"နှစ်လရှိနေပြီနော် ဖေဖေငြိမ်ချက်သားကောင်းနေတာ..."
ဘေးနားထိုင်နေသောအကို့အား ပြောနေရင်းမကြာသေး အိမ်မကြီးထဲမှ ဖေဖေ့အော်သံထွက်လာလေ၏။ ငိုနေသောအသံများကိုပါကြားရ၍ အပြေးသွားရလေပြီ။
"မမခတ်လား မသိဘူး အကို..."
"ရွှေရင်ခတ်ရဲ့ငိုသံပဲ...အန်ကယ်လ်နဒ့ဘာဖြစ်ကြတယ်မသိဘူး..."
ထင်သိအတိုင်းပင် မမ၏ယောကျာ်းနှင့် မိမိတို့
အဖေက ငိုယိုနေသူအား ရိုက်နှက်နေကြသည်။"မမကြီး..."
လဲကျနေသောသူက ကြမ်းခင်းကြွေပြားထက်ဝယ်ခွေခွေလေးပင်။ ဖေဖေနှင့်ယောက္ဖဖြစ်သူတို့ပါ
ဒေါသဖြစ်နေကြပုံများက မာန်ဖီနေသော ကျားရဲများလိုပင်။ ဘာကြောင့်များ အမျိုးသမီးတစ်ယောက်အပေါ် ကြင်နာမှုကင်းနေကြရတာလဲ။ဘာကြောင့်များ ယောကျာ်းမာန်တွေနဲ့ သားရဲတစ်ကောင်လို သွားစွယ်ဖွေးဖွေးတွေထုတ်လို့ ယောကျာ်းတခွန် တလူလူထူနေကြတာလဲ။
အားနွဲ့တဲ့မိန်းမသားတွေကိုမှ နှိပ်စက်ချင်ကြတာလဲ။ ရိုက်နှက်ချင်နေရတာလဲ။
"မမကြီး...အကိုကြီးတို့ ဘာလို့ဒီလောက်ရိုက်နေကြတာလဲ..."
"ပြောစမ်း မင်းရဲ့ဆံပင်ကိုကိုင်ပြီးရယ်နေတဲ့ ဒီဓာတ်ပုံထဲကကောင်ဘယ်သူလဲလို့ မင်းအဖေရှေ့ပြောလေ..."