အိပ်ယာနိုးချိန်ဝယ် ရင်ထဲတကယ်မကောင်းနေ၍ လှုပ်ပင်မလှုပ်ချင်တော့။ တစ်ကိုယ်လုံးကိုက်ခဲကာလည်း နာကျင်နေပါသည်။ မအီမသာဖြစ်နေသောကိုယ်ကိုထိန်းကာ မျက်နှာသစ်ဖို့ရာ ရေချိုးခန်းသို့သွားစဥ် အကို့အားမြင်လိုက်ရ၍ ပြုံးပြချင်သော်လည်း ဟန်ဆောင်ပင်မပြုံးနိုင်တော့ပြီ။
"ခြူး နေမကောင်းဘူးလား.."
"မူးနောက်နောက်ဖြစ်နေတာပါ အကိုရယ်... သက်သာသွားမှာပါ..."
ကူတွဲပေးနေသော အကို့လက်ကိုကိုင်ရင်း မဟန်တော့သောကိုယ်က လဲကျသွားတော့သည်။
"ဂါဝန်မှာလဲ သွေးတွေနဲ့ပါလား
ကိုယ်တို့ဆေးရုံသွားရအောင်..."ဖြူဖတ်ဖြူရော်မျက်နှာလေးနှင့် အားနည်းနေသူလေးကို ပွေ့ကာချီရင်း ဆေးရုံသို့သွားနေရင်းမှ ရိုင်၏ ကျောင်းမှ မိဘတွေ့ဆုံပွဲသို့ သွားဖို့ရာသတိရတော့သည်။
"စီစီ့ ပါပါးတို့နဲ့လိုက်သွားလိုက်နော်...
Daddy သားမာမီ့ကို ဆေးရုံပို့ပေးနေရတယ်..."မာမီနေမကောင်းလို့လားဟုလည်း တစ်ခွန်းမမေးလာသော သားဖြစ်သူမှာ ဟုတ်ကဲ့ဟုပင် မဖြေချေ။ စိတ်ကောက်နေခြင်းဖြစ်မည်ထင်၏။ မိခင်ဖြစ်သူအပေါ်နဲ့ သားလေးကအနည်းငယ်သူစိမ်းဆန်နေခြင်းမှာ အရင်တချိန်ကဝေးကွာခဲ့ရ၍များလား။
နောက်ရက်မှ သူ၏ဘဏ်အကောင့်ထဲ မုန့်ဖိုးများထည့်ပေးကာသာ ချော့ရတော့မည်။ မိန်းမဖြစ်သူကလည်း ချက်ချင်းလက်ငင်း နေမကောင်းဖြစ်နေ၍ အလုပ်လည်းဖြတ်လိုက်ရလေပြီ။
ဆေးရုံ၏အခန်းတစ်ခုထဲတွင် ဆရာဝန်တစ်ဦးနှင့် လူနှစ်ယောက်ထိုင်နေကြ၏။ အမျိုးသမီးလေးကလည်းပြုံးနေလေပြီး အမျိုးသားလေးကလည်း ပျော်မဆုံးဖြစ်နေသည်။
"ဒေါက်တာ သေချာရဲ့လားဗျာ..."
"သေချာပါတယ်ဗျာ...ခင်ဗျားအမျိုးသမီးမှာ ရင်သွေးလေးရှိနေပါပြီ..."
"ဝမ်းသာလိုက်တာ ခြူးရယ်...
ကိုယ်တို့ကလေးလေးရတော့မယ်..."ဆေးရုံကုတင်ထက် ဖြူဖျော့နေသော ခြူး၏မျက်နှာလေးကလည်း ပြုံးနေလေတော့ လောကမှာ မိမိလောက်ပျော်နေသူရှိမယ်ဟု
မထင်ပေ။