အနက်ရောင်ဝတ်စုံအပြည့်နှင့် ဆံနွယ်ငွေဖြူရောင်
တို့ တောက်ပနေသော ဦးရဲ့ပုံစံက ဆွဲမက်ဖွယ်ရာ။ ရွှေရောင်ကြိုးတက်မျက်မှန်နှင့် စိန်ကွတ်ထားသောမှန်ဘောင်လေးကလည်း သိမ်းငှက်ပမာစူးရှသည့် ရဲတောက်တောက်မျက်ဝန်းထက်ဝယ် ထည်ဝါတောက်ပနေပြန်သည်။ဇာမဏီပုံရွှေရင်ထိုးကို ဘယ်ဘက်ရင်အုံထက်ဝယ်
တက်ဆင်ပြီး မှန်သားပြင်ထက်ကြည့်ကာ ပြုံးပြလေ၏။ ပါးအထက်မှချိုင့်ခွက်သေးသေးလေးကလည်း သူ့နေရာနှင့်သူကြည့်ကောင်းနေပြန်၏။"ကိုယ်အရမ်းချောနေလို့များလား အသည်းလေး..."
"ရင်ရဲ့ ယောကျာ်းကအရမ်းခန့်တယ် ပြွတ်စ်..."
ခြေဖျားထောက်ကာ မမှီ့တမှီနမ်းလာလေသူ။
အနမ်းတစ်ပွင်က နှုတ်ဖျားထက်ဝယ်သက်ဆင်းလေ၏။"နေ့မကောင်းဘူးလား ကိုယ့်ဇနီးလေး..."
"နည်းနည်းအိပ်ချင်နေရုံပါ..."
ဆံနွယ်ဖြူဖြူလေးများကိုဖြန့်ချထားပုံက အနက်ရောင်Suitကြီး၏ ကျောလည်အထိပင်။ နှုတ်ခမ်းအနီဆွေးဆွေးလေးက အနည်းငယ်ဖျော့ရော့နေ၏။ သူလေးက သေချာငေးကြည့်နေရင်းမှ
ရင်ခွင်ထဲဝင်ကာ ခေါင်းလေးတိုးလို့ဖက်တွယ်လာပြန်သည်။ခါးအထက်မှလက်ကလေးကြောင့် မျက်မှန်အောက်မှ မျက်ဝန်းလေးပင်လှုပ်ခတ်ကာ မပြုံးချင် ပြုံးချင်ဖြင့်ပဲ ပြုံးလိုက်မိပြန်၏။
"အဟင်း ဘာလိုချင်လို့ လာချွဲနေတာလဲဗျ..."
"..."
"ရင်လေး ဦးနဲ့မခွဲနိုင်တော့ဘူး..."
"အင်း..."
ရင်ခွင်ထဲမှခေါင်းလေးက ဆတ်ခနဲဖြင့် မော့ငေးလာပြန်သည်။ ဖြူဖျော့ဖျော့နှုတ်ခမ်းပါးလေးကလည်း အလိုမကျသယောင်။ ငြူစူပါတယ်ဟုမဆိုသာသော်လည်း နှုတ်ခမ်းလေးထော်နေပုံထောက် တစ်ခုခုလိုချင်နေပုံပင်။
"အင်းပဲလား..."
"..."
"မခွဲနိုင်ကြောင်းဝန်ခံနေသူအတွက် ပြန်ရတဲ့အဖြေက အင်းပဲလား..."
"..."
"ဦးမရဏဖွားရယ် ခင်ဗျားကိုချစ်ပါတယ်လို့ ဝန်ခံလိုက်ရင်ရော အင်းလို့ပဲဖြေပေးမှာလား..."