နှုတ်ခမ်းထော်ပေးမိတော့ ငုံ့ကိုင်းကာထိခပ်လာသောနှုတ်ဖျားတစ်စုံက သဘောတကျရှိနေ၏။
"ဦး..."
"ပြွတ်စ်..."
"ဦး..."
မော့ကြည့်နေသော နှုတ်ခမ်းထော်ထော်လေးများ၏ အနမ်းတွေက မရပ်တန့်သေး။ မျက်ဝန်းပြာပြာလေးကလဲ ပင့်မထားရ၍ထင် ဝိုင်းစက်စက်နှင့် တော်တော်လေးလှနေပြန်၏။ လည်တိုင်ကျော့ကျော့လေးက အကျီကော်လီလေးအောက်မှ မလုံ့တလုံလေးပြူးကြည့်နေသေးသည်။
"ရင့် ကို နမ်းပါဦး..."
တွန်းချိုးနေသောမျက်ခုံးတန်းကအလိုမကျသယောင်။ ပါးနှစ်ဖက်ကိုအုပ်မိုးလာသောလက်ကလေးနှစ်ဖက်။ နဖူးထက်မှ နှာဖျားလေး၏ပွတ်သပ်မှုကလည်း ရင်ခုန်စေသလို တွန်းချိုးထားသောမျက်ခုံးတန်းပေါ်မှ အမာရွတ်ကလေးဟာလည်း ရင်ဖိုစေပြန်သည်။
"ပြွတ်စ်..."
"ဆက်နမ်းပါဦး..."
"ပြွတ်စ်..."
"ဦး..."
"..."
"ချစ်ရင် နမ်းပါ..."
"မကဲနဲ့တော့..."
"ဦးလို့..."
ချွဲသံလေးအဆုံးမနေနိုင်သူကတော့ ချစ်ရသူ အလိုကျအနမ်းပေးနေရပြန်၏။
"ခေါင်းမော့ထားရတာ ဇာတ်ညောင်းမယ် ရင်လေး..."
"ဒါဆို ဦးရဲ့ရင်ခွင်ထဲပဲ
ခေါင်းဦးတော့မယ်...""လာ ကိုယ်ဖက်ထားမယ်..."
ပွေ့ပိုက်ထားသောလက်မောင်းကြီးများကြား တိုးဝှေ့လျက် ရင်ခုန်ရင်းဖြင့်ပြုံးနေမိသည်။
လှိုက်ဖိုနေသောရင်အစုံဟာ ချစ်၍ဖြစ်စေ၊ ကြင်နာမိ၍ဖြစ်စေ၊ ဤလူသားကိုခင်တွယ်မိနေသည်ကအမှန်။ အနမ်းတွေကိုလည်းရင်ခုန်သလို တခါတရံစိတ်ရိုင်းဝင်ချိန် မြင်နေရသော သူ၏လောဘတရားတို့ကိုရင်ဖိုလှိုက်မောကာ တုန်ဟီးရသည်ကအခါခါ။ထိုးစစ်ဆင်ဖို့ အသင့်ရှိနေသောသူ၏ဆန္ဒတို့ကို ခံတပ်ဘက်မှအသင့်အနေအထားမရှိနိုင်သေး၍ လောဘစစ်သူကြီးဟာလည်း အလျော့ပေးတတ်မြဲ။
တခြားနည်းဖြင့်သ စစ်ဆင်ရေးတွေဖြေလျော့မြဲ။