Part-45.2

3.8K 210 18
                                    

မှောင်မဲလာသောပတ်ဝန်းကျင် ငြိုးလျော်လာသော သစ်ပင်ပန်းမန်များ။ ဦးတည်ချက်မရှိစွာ ပြေးလွှားနေရ ပြန်​ြပီ ။ ရင်လေးကို မြွေကိုက်သွားသည်မှာ အဆင်ပြေရဲ့ လား မပြောတတ်။ ထိုအရာတွေက မိမိတို့အတိတ်ကအရာတွေသာဆိုလျှင် အခုပစ္စုပ္ပန်တွင် ဘယ်ဆီရောက်နေကြတာလဲ။

သေပြီးပြီမို့ လိပ်ပြာလွင့်ပြီး ဝိဉာဥ်ကအတိတ်ဆီသွားကာ တစ်ခုခုကိုရှာဖွေမိတာလား။ သံသရာဘဝတစ်ခုကိုမသွားနိုင်ပဲ စွဲလန်းမိရာနောက်သို့လိုက်မိနေခြင်းလား။  သို့တည်းမဟုတ် သေဆုံးခဲ့သည့်တိုင် မကျွတ်မလွတ်နိုင်ပဲ အမျှအတမ်းတွေမရခဲ့တာများလား။

ပြေးသည်။လိုက်သည်။အဖန်တလဲလဲ ကြုံနေရပြန်သည်။ အနက်ရောင်အခိုးအငွေ့တွေရဲ့အထိမခံနဲ့ဆိုသော စိတ်ကအသိတစ်ခုနှင့်အတူ ထိမိလည်းဘာအရေးလဲ ထိကိုင်ပစ်လိုက်ဆိုသော လှုံ့ဆော်မှုတစ်ခု။
ဘယ်ဆီပြေးနေ၍ ဘယ်သူတွေလိုက်နေကြတယ်မပြောတတ်​ြပန်။ အမှောင်ရိပ်တချို့လိုက်နေကာ မရဏဖွား ဒီကိုပြေးလာဆိုသော ခေါ်သံများပါကြားနေရ၏။

"ဘယ်သူလဲ ထွက်ခဲ့..."

ဘယ်သူတစ်ဦးမှမရှိလေသော ဖြူဖွေးဖွေးလွင်ပြင်ထဲရောက်သွားလိုက် မှောင်မှောင်မဲမဲသစ်တောများကြားရောက်သွားလိုက်နှင့် မရပ်မနား ပြေး​ခေဲ့ပြန်သည်။ ရောင်ခြည်တန်းလေးတစ်ခုအားတွေ့လိုက်ရသလိုလို ‌ခေါ်သံလည်းကြားနေရ၏။ ဘယ်သူ့ခေါ််သံဟု ပြတ်ပြတ်သားသားမသိသော်လည်း Daddy ဟုသောခေါ်သံမှာ သားလေးဆီမှလာသောအသံလေး။ ရိုင်လေး၏အသံလေးကိုကြားနေရ၏။

"သား ရိုင်လေး ဒယ်ဒီလဲလွမ်းတယ် သားရယ်..."

မျက်ရည်ကျလောက်သည်အထိကို ပင်ပန်းနေခဲ့၏။ ဘယ်သို့သွားနေသောခရီးစဥ်မှာလည်း ဘယ်သူနှင့်တွေရမှာလဲ။ ပြေးပြေးဆိုသောစကားသံများ ကြးလိုက်ရပြီး လူအုပ်ကြီးတစ်စုနဲ့လည်း တွေ့လိုက်ရသလိုလို။ သို့သော် ကိုယ်မှလွဲဘယ်သူမှမရှိခဲ့ပေ။ 

ပြေးနေရင်းမှ သစ်ပင်အောက်တစ်​​နေရာတွင် လူတစ်ယောက်ထိုင်နေခြင်းအား တွေ့လိုက်ရလေ၏။ သူ့ကိုလှမ်း၍ခေါ်လိုက်မိရာ လှည့်ကြည့်လာလေသူက ဘယ်သူဖြစ်လေမလဲမသိရ။ ခပ်၀ါး၀ါးသာမြင်ရလေသော သူ၏ပုံစံမှာလည်း စုတ်ပြတ်သပ်ကာတစ်ခုခုဆီမှ ပြေးနေရသလိုမျိုး ပုံစံ​​ဖြင့်။

ကမ္ဘာတည်သ၍ (Completed)Where stories live. Discover now