Part-7

10.2K 657 47
                                    

"အာ! ဒီလူ...ငါ့ကိုသပ်သပ်မယ့်
ညစ်ပတ်တာပဲ..."

အိမ်နံပါတ်တစ်ခုကိုရွတ်ပြပြီး ကယ်ခဲ့ပါသော ဟိုလူအား လမ်းမေးခဲ့မိ၏။ ဘယ်ကွေ့၊ညာကွေ့၊တည့်တည့်သွားဆိုသော သူ၏စကားကိုနားထောင်ပြီး လျှောက်လာခဲ့သည့်အခါ  ခြံဝတွင် သူ၏အိမ်နံပါတ်ကြီးကထင်းလို့။ ခြံရှေ့မှလုံခြုံရေးကိုပြောပြကာ အိမ်ထဲဝင်ဖို့စောင့်ရ၏။ လုံခြုံရေး၏ကွန်ပြူတာဆီမှကြားလိုက်ရသော အမိန့်သံကတည်ငြိမ်လျက်။

"အိမ်ထဲဝင်လာခိုင်းလိုက်..."

Security ဂိတ်ကိုပြန်၍ဖြတ်ရပြန်၏။
သူဋ္ဌေးက ဝင်လာဖို့အမိန့်ပေးတယ်ဟူ
၍ဆိုလာသူကြောင့်  ထွက်လာခဲ့သော ခြံကြီးထဲသို့ ထပ်မံလို့ ဝင်ရပြန်သည်။

အိမ်ကြီးထဲရောက်ဖို့ရာ ပန်းခြံကြီးကိုလည်းဖြတ်ရသည်။ BMWနောက်ဆုံးပေါ် ကားများကတန်းစီလျက် ကားဂိုထောင်ဟု မထင်ရသော အိမ်တစ်ဆောင်မီးတစ်ပြောင်နှင့် အိမ်တစ်လုံးလည်းရှိ၏။ BUGATTI ပြိုင်ကားရွှေရောင်နှစ်စီးလည်းရှိသည်။ တစ်ဖက်အခြမ်းတွင်လည်း နောက်ဆုံးပေါ်ကားအနက်သုံးစီးက အစီအရီ။

ရွှေရင်အေးလေး ဒီလူနဲ့သာလက်ထပ်ခွင့်ရလိုက်လျှင် ညီမလေးက အရမ်းချမ်းသာသွားမှာပင်။
ဒါကြောင့်ပါပဲ ဖေဖေက သူ့သမီးကိုကောင်းစားစေချင်လို့ အတင်းအကြပ်ပေးစားနေတာနေလိမ့်မည်။

ကားရပ်ထားသည့်နေရာကျော်လာသောအခါ
အလှဆင်ထားသော ရေပန်းဥယျာဥ်ကြီးနှင့်အတူ အလှမွေးငါးများကလည်း ရောင်စုံကာလာစုံဖြင့် ညအလှဆင်မီးရောင်အောက် လှပလွန်းနေပြန်သည်။

ငါးကန်တစ်ကန်ကပဲ အမေရဲ့အိမ်ငယ်လေးလောက်ဖြစ်နေ၏။ အရမ်းချမ်းသာတော့လည်း မောက်မာနေတာမဆန်းပေ။ လွယ်အိတ်ကိုကျစ်နေအောင်ဆုပ်ကိုင်ရင်း ညအမှောင်ကိုအံတုထားသော လင်းထိန်နေသည့် ခြံကြီးကိုဖြတ်ကျော်လာခဲ့၏။ အိမ်တံစက်မြိတ်အောက်ရောက်ချိန်ဝယ် လူတစ်ယောက်ကိုတွေ့ရလေသည်။

"မဂ်လာအကိုလေး..."

"မဂ်လာပါ..."

"သူဋ္ဌေးဆီလိုက်ပို့ပေးပါ့မယ်..."

"လမ်းပြပါဗျ..."

ရိုးရိုးရှင်းရှင်းအိမ်ကြီး၏အတွင်းထဲဝယ် ရေကူးကန်ရှိလိမ့်မည်ဟု ဘယ်သူထင်မှာလဲ။ ညနေကလာသော လမ်းလည်းမဟုတ်။ ရေကန်ပတ်ပတ်လည် လမ်းများရှိသော အိမ်ကြီးအတွင်းထဲရောက်နေခဲ့ရသည်။
ရေကန်ထဲ အိမ်၏လျှောက်လမ်းကို ဆောက်လုပ်ထားတယ်လို့ပဲဆိုရမလား။
အိမ်အတွင်းထဲသို့သွားရာလမ်းတစ်လျှောက် ရေကူးကန်ကြီးရှိနေတယ်လို့ဆိုရလေမလား။ တော်တော်ကို ခမ်းနားကြီးကျယ်နေတာပင်။

ကမ္ဘာတည်သ၍ (Completed)Where stories live. Discover now