မရဏဖွား၏အမေက ရမ်လေးနဲ့ရင်ငြိမ်းတို့ကိုခေါ်ယူတွေ့ဆုံခဲ့လေ၏။ ရမ်လေးကသူ့ရဲ့မြေးလေးလို့မပြောရသေးပေ။ အနည်းငယ်ရှုတ်ထွေးနေသော အိမ်ရဲ့အခြေအနေကြောင့် ဘာကိုမှအသိမပေးရသေး။
မရဏဖွားရဲ့စိတ်အခြေအနေမှာလည်း လုံးဝတည်ငြိမ်ခြင်းမရှိပေ။ မူးယစ်ဆေးဝါးသုံးစွဲနေသူလိုလို၊ ဦးနှောက်ပျက်ကာရူးသွားသူလိုလိုနဲ့ သူ့ပုံစံတို့ကမူမမှန်ပေ။ကိုစစ်ယာနှင့် ကိုသုတတို့အားလုံးက မရဏဖွား၏မိန်းမ ခြူးညီညီ၏နောက်ကြောင်းကိုသိထားကြလေပြီ။ ခြူးညီညီသည် ခြူးညီညီမဟုတ်လေပဲ 'ဒါဒါမုန်း'အမည်ရသော အမျိုးသမီး ဖြစ်နေခဲ့သည်။
"ရွှေရင်ငြိမ်း..."
"သခင်မကြီးပြောပါ..."
"မင်းက ငါ့မြေးရဲ့အဖေပဲ...ငါ့သားမက်လို့ပဲပြောလို့ရပါတယ်...အမေလို့ခေါ်လဲ အမေအဆင်ပြေတယ် သားရင်ငြိမ်း..."
"ဟုတ်ကဲ့..."
"ရွှေရင်ငြိမ်း အမေတို့ဘာဆက်လုပ်ကြမလဲ..."
"မရဏဖွားကိုက သူ့မိန်းမကိုပဲ သိပ်ကိုချစ်နေတာလေ...ကျွန်တော်လဲဘာတက်နိုင်မလဲ အမေရယ်... "
"မင်းလဲ မရဏဖွားရဲ့ယောကျာ်းပဲလေ..."
"ကျွန်တော်ဘယ်လိုသူ့ယောကျာ်းဖြစ်ခဲ့တာလဲ အမေသိရက်နဲ့...သူကျွန်တော့်ကိုမှမချစ်ခဲ့တာ...ကျွန်တော့်စကားလဲ သူက နားထောင်တာမဟုတ်ဘူး...မရဏဖွားတော်တော်ပြောင်းလဲနေတာ...သူဘာဖြစ်နေတာလဲ..."
"လွန်ခဲ့တဲ့တစ်ပတ်လောက်ကတော့ သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးကအဆင်ပြေသေးတာပဲလေ ကလေးတွေကိုထမင်းဟင်းပို့ပေးပြီး ဂရုစိုက်ပေးနေတာအဆင်ပြေနေတာပဲ...သူ့ဘက်ကပဲ ရုတ်တရက်ထပြီး ဘုဘောက်ပြောတာတော့ ဘာဖြစ်နေလဲ သူ့ဘာသူပဲသိမယ်..."
လွန်ခဲ့သောနှစ်ရက်ခန့်ကတင် သူ့ထံမှစာပြန်လာမှုကြောင့် စိတ်တိုဒေါသထွက်ခဲ့ရပြီးပြီမဟုတ်လား။ ဒီနေ့မှာပဲ ပိုလီယိုကလေးလေးနှင့်အတူ မရဏဖွား၏အမေနှင့် အိမ်ကညီမဖြစ်သူတို့ကလည်း အဖြေမသိသောပုစ္ဆာကိုမေးနေသည်။ ဘယ်လိုမှန်ကန်သောအဖြေကိုလည်း ရှာဖွေလို့မရကြချေ။
YOU ARE READING
ကမ္ဘာတည်သ၍ (Completed)
Любовные романыငါ့အနားကထွက်သွားချင်ရင်၊ ငါသေမှရမယ် ရင် #မရဏဖွား