ပိုလီယိုဖြစ်နေသောကလေးလေးမှာ အသက်ကလေး၂နှစ်လောက်သာရှိသေး၏။ လှည်းလေးထဲတွင် ပိန်လိန်ကာထိုင်နေပြီး အစာပိုက်လေးကိုလည်း နှာခေါင်းဖြင့်ချိတ်ကာ နားအနောက်သို့ပို့ထားလေရသည်။ မျက်လုံးလေးများကို
ဖွင့်ထားပါသောကလေးလေးမှာ နားလည်ပါ့မည်လား မပြောတတ်သော်ငြား ပိုလီယိုကလေးလေး၏ဘေးမှ အိမ်စေတစ်ယောက်မှာ ကလေးငယ်လေးအား ပုံပြင်စာအုပ်လေးကို ဖတ်ပြနေသေး၏။"Ryan(ရိုင်ယန်)...မာမီ အပြင်သွားပြီနော် သားလေး...Bye Bye..."
ဝတ်ကျေတန်းကျေသာ သားဖြစ်သူကို
နှုတ်ဆက်ပြီး အိမ်မှပြေးထွက်ရလေသူ။ နောက်ကျနေ၍ထင် အပြေးအလွှားနဲ့ ဘယ်သူ့ကိုမှအဖတ်မလုပ်တော့ပေ။ထောင်ထဲသို့ရောက်နေပါသောလူ၏ လွတ်ငြိမ်းခွင့်ရသောနေ့ဖြစ်လေသည်။ သူ့မှာလည်း တစ်ကိုယ်တည်းသမားပေမို့ ကိုယ်သာရှိလေသည်။ အကြံတူ၊ဉာဏ်တူကာ အကျိုးတူပူးပေါင်းခဲ့ကြဖူး၍ သူ့ကိုလည်း ကူညီရဦးမည်။
"ပြန်လည်ကြိုဆိုပါတယ် သူရိယ..."
"ဒါဒါမုန်းရော အဆင်ပြေရဲ့လား...
ကျွန်တော့်ကိုလာမတွေ့တာ ၇လနီးပါးနော်...""အဆင်ပြေတာမှလွန်ရောပဲ...
ရွှေရင်ငြိမ်းရဲ့မှီခိုရာကို သတ်ပစ်လိုက်နိုင်ပြီ...
Lucasဆိုတဲ့ သူ့ကိုသေစေချင်တာမဟုတ်ပေမယ့် ရွှေရင်ငြိမ်းရဲ့အစား သူကသေပေးချင်နေတော့လဲ ခွင့်ပြုလိုက်ရတာပါပဲ..."ကားမောင်းနေသောသူမ မသိသေးသည်မှာ
'ရွှေရင်ငြိမ်း'၏ အသက်ကိုကယ်ပေးခဲ့သူမှာ
သူရိယဖြစ်နေသည့်အကြောင်းကိုပင်။အဲဒီ့နေ့ကရွှေရင်ငြိမ်းကိုလွှတ်ပေးခဲ့ပြီး ဆေးရုံပေါ်မှအမျိုးသမီးတစ်ယောက်ဖြင့် အစားထိုးပေးခဲ့ခြင်းပေ။ အပြစ်မရှိသော ရွှေရင်ငြိမ်းက ထမင်းတစ်ရက်ကျွေးခဲ့ဖူးသော ကျေးဇူးရှင်မို့ သူ၏အသက်ကိုလည်း ချမ်းသာပေးခဲ့မိ၏။
"အခုဘယ်မှာနေမလဲ သူရိယ..."
ဒါဒါ(ခေါ်)ခြူးညီညီအယောင်ဆောင်ရဲ့အမေးကို
ပြန်၍ဖြေဖို့ရာ သူရိယကလှည့်ကြည့်လိုက်လေ၏။"အရင်ကတိုက်ခန်းပဲ ပြန်နေမယ်..."
"ဒါဒါလို့မခေါ်နဲ့တော့ ခြူးညီညီလို့ပြောင်းခေါ်ဖို့ပြောထားတယ်လေ ကြားလား..."