နှာခေါင်းအတွင်းထိုးထွင်းဝင်ရောက်လာသော အနံ့တစ်ခုကြောင့် နိုးလာရလေပြီ။ အိပ်ရာကြီးကဒီနေ့မှပဲ အေးစက်စက်နိုင်နေ၏။ ခေါင်းအုံးနေကြ လက်မောင်းကြီးနှင့် ရင်ခွင်ကျယ်ကြီးတစ်ခုက ဘေးနားတွင် ပျောက်ဆုံးနေလေသည်။ အနားမှာအလွန်တရာအေးစက်နေပြီမို့ 'ဦး'တစ်ယောက်အစောကြီးအိပ်ယာ နိုးထသွားပြီထင်၏။
မျက်ဝန်းတွေဖွင့်လိုက်ချိန်၌ နက်ပြာရောင်ရှပ်အကျီကိုလက်ခေါက်တင်လျက် မှန်ထဲမှမြင်နေရသော ကိုယ်လုံးသေးသေးလေးတစ်ခုကို ငေးကြည့်ကာခပ်ပါးပါးပြုံးနေသူတစ်ယောက်ကို မြင်လိုက်ရသည်။
"မောနင်း ဦး ..."
"မောနင်း ရင်လေး..."
အိပ်ယာဘေးရှိနံရံမဟုတ်သော မှန်ကြီးထဲမှအပြုံးလေးတစ်ပွင့်၊ မျက်ဝန်းတစ်စုံ၏ အသိအမှတ်ပြုခြင်းတစ်ခုကို မြင်လိုက်ရသည်။ အရင်ကဆိုလျှင်တင်းမာနေသော သူ၏မျက်နှာကြောကြီးမှာ အပြုံးအရယ်မခဲ့။ ထိုအချိန်ဆိုပါလျှင်လည်း ဆွဲဆောင်မှုရှိနေပြန်သည်။
'ဘယ်လိုနေနေကို မိမိုက်နေတာပါပဲ...
မရဏဖွားက တကယ်ကို ရှယ်မိုက်တဲ့ဘဲကြီး...'"အစောကြီးအလုပ်သွားတော့မှာလား ဦး..."
"ကိစ္စလေးတစ်ခုရှိလို့..."
"ခင်ဗျားအတွက် မနက်စာပြင်ပေးမယ်...
ဘာစားချင်လဲဟင်...""ဦး..."
ဘာစားချင်လဲမေးချင်ကို ရုတ်တရက် ဦးလို့ပြောလာလေတော့ ဦးနှောက်ကတစ်ချက်လည်သွားရလေ၏။
"ဟမ်..."
"ကိုယ့်ကို "ဦး"လို့ခေါ်ဖို့ ပြောထားတယ်လေ..."
"ဟုတ်..."
ပြုံးယောင်သမ်းနေသောနှုတ်ခမ်းပါးကို အရှိန်သပ်လိုက်ပြီး စောင်ပုံထဲမှ ခွေးစုပ်ဖွားအဖြူကောင်လေးရှိရာသို့ တိုးကပ်လိုက်မိသည်။ အပြစ်ပေးရဦးမှာပဲ ဦးလို့မခေါ်ပဲ ခင်ဗျားတဲ့။
"ပြွတ်စ် "
"ဦး..."
"အင်း..."
တစ်ပြိုင်တည်းထွက်ပေါ်လာသော အသံလေးသုံးခုနှင့်အတူ အခန်းတွင်းလေထုကနွေးလျက်။
နဖူးလေးကိုအနမ်းချွေတော့ မျက်ဝန်းလေးကပါပိတ်သွား၏။ သူ့ရဲ့မာယာများနှင့်ချုပ်နေပြန်သည်။
သွားတန်းညီညီလေးများကိုအကုန်ပေါ်အောင်ပြုံးလာပုံလေးကလည်း သူ၏မူယာများထဲကတစ်ခု။