Part-25

5.7K 311 40
                                    

"ရင်နဲ့ အတူတူနေရအောင်..."

"စကားတွေတတ်တိုင်း လျှောက်ပြောမနေနဲ့..."

"..."

သူ၏ကိုယ်မှအငွေ့အသက်လေး။
ရင်အုံအထက်မှ အမာရွတ်ရာလေးထက်သို့အနမ်းလေးချွေမိပြန်တော့ နားနားကပ်၍ခပ်တိုးတိုးပြောလာသော အသံချပ်များက ကြီးကြီးကျယ်ကျယ်။

"မင်းပြောချင်တိုင်းပြောလို့ရအောင် မရဏဖွားကိုဘာကောင်မှတ်နေလဲ..."

မော့ငေးကာကြည့်လာသူ၏မျက်ခွံမို့မို့လေးထံသို့ အနမ်းလေးဆင်းသက်မိတော့ မျက်ဝန်းလေးများမှေးစင်းလျက် နှုတ်ခမ်းပါးလေးကော့ညွတ်စွာ ကျေနပ်ပါကြောင်းပြောနေလေသည်။

"ဘာကောင်မှမှတ်မနေနဲ့...
မင်းယောကျ်ားလို့သာမှတ်ထား ကြားလား အသည်းလေး..."

စိတ်ဝိဉာဥ်ဟာနာမ်မှာမကပ်တော့ နားရွက်ဖျားနားမှအသံလာရာဆီသို့ အပြေးလေးခရီးနှင်မိ၏။ စူးရဲနေသော သူ၏မျက်ဝန်းများက ပြုံးနေလေသည်။
နံရံထက်ဝယ် ကပ်တွယ်ထားမိသော လက်ဖဝါးမှာအေးနေပါသော်လည်း လက်ဖမိုးကိုအုပ်ကိုင်ထားသောလက်က သူဆိုသည့်အသိကြောင့် ရင်ထဲ၌ပင် နွေးနေဆဲ။

နှုတ်ခမ်းပါးလေးတွန့်ကွေးရုံမက ပြုံးလျက် လည်တိုင်ကျော့ကျော့တွင် အနီရောင်အင်းကွက်များချနေပါသော မှော်ဆရာ၏အမိန့်အတိုင်း
လိုက်ပါမိနေသည်။

ရင်အုံအထက်မှလက်နွေးနွေးလေးက အသားပိုအလုံးလေးအား အဖျားခတ်တိုက်ခိုက်မိချိန် ငြူစူချင်သောစိတ်ကထိန်းမရတော့။ မနာမကျင်ခဲ့သည့်တိုင် အကဲပိုစွာ အော်ဟစ်ပစ်မိသည်က တုန်ရီစွာ။

နံရံတွင်ကပ်ခံထားရသော ဗိုက်သားချပ်ချပ်နှင့်အတူ ကျောပြင်နှင့်ရင်အုပ်ကျယ်ကျယ်ဟာလည်းပွတ်တိုက်မိလျက်သား။ လည်တိုင်ရှိသူ၏နှုတ်ခမ်းပါးလေးများကလည်း အနမ်းများကျဲနေ၏။

ခါးလေးနည်းနည်းအနောက်သို့
တိုးကပ်မိချိန် ဘယ်အချိန်ကရောက်နေမှန်းမသိသော တစ်ခုခုနှင့်ထိခတ်မိသည့်အခါ တဆတ်ဆတ်တုန်သွားတဲ့အသည်းနှလုံးက လောဘနဲ့မောဟတွေဟာလည်း တရားနဲ့လဲဖြေလို့မရ။

ကမ္ဘာတည်သ၍ (Completed)Where stories live. Discover now