Part-34

4.7K 284 13
                                    

ဖုန်းဆက်ရမလား။ မဆက်ရဘူးလား တွေးနေရင်း ဝေခွဲ၍မရခဲ့သည်မှာ နှစ်ရက်ရှိနေခဲ့၏။

သူကမရဏဖွားနဲ့ခြူးညီညီတို့အကြောင်းကို
သိ​တောလား။ ဒါမှမဟုတ်
ရွှေရင်ငြိမ်းနဲ့ ဒါဒါတို့ရဲ့ဇာတ်လမ်းအကြောင်းသိနေတာလား။
ခြူးညီညီမဟုတ်ပဲ မိမိဟာ ခြူးညီညီပါလို့
လိမ်ထားတဲ့အကြောင်းပဲ သူသိနေတာလား။
သူကရောဆရာဝန်စစ်စစ်မဟုတ်လေပဲ လိမ်ထားလေသူများလား။

မရဲတရဲစိတ်ကိုစွန့်စားကာ ဖုန်းနံပါတ်တို့ကို
နှိပ်လိုက်ရသည်။ ဂဏာန်းတစ်ချက်ချင်းဆီတိုင်းကို
ထိတွေ့ချိန်၌ စိုးရွံမှုတို့ကိုခံစားရသည်ကအမှန်ပင်။

"ဟယ်လို..."

"ဖုန်းဆက်မယ့်အချိန်ကိုမျှော်နေတာ
တော်တော်စဥ်းစားလိုက်ရလား..."

တစ်ဖက်ဖုန်းမှလူ၏စကားကြောင့် ဘာပြန်ပြောရမယ်မသိတော့ပေ။

"စဥ်းစားရမှာက ကျွန်တော်နဲ့မဒါဒါတို့လက်တွဲရမယ့်အရေးပဲမဟုတ်လား...ဘာတွေစဥ်းစားချင်သေးလို့လဲ...မဒါဒါ...ဒါမှမဟုတ် ခြူးညီလို့ခေါ်သင့်လား..."

"ရှင်...ရှင်... "

နာမည်အရင်းကိုဘယ်လိုသိလဲ မေးချင်တာနေမည်။ မထူးဆန်းပါ။ ခွဲစိတ်ဆရာဝန်ကြီးများနဲ့
ကုသပြီး 'ဒါဒါမုန်း' အမည်ကို ခြူးညီညီဟုအမည်ပြောင်းထားသူက မရဏဖွားနှင့်အရင်ကပတ်သတ်ဖူးသူဟု မဏ္ဍုပ်တိုင်တပ်ပြချင်နေသော ကောင်မလေးတစ်ယောက်အကြောင်း မသိစရာကိုမရှိပေ။

"မရဏဖွားရဲ့ရန်သူက ကျွန်တော့်မိတ်ဆွေဖြစ်နိုင်တယ်လေ...ရွှေရင်ငြိမ်းကို သေစေချင်တယ်မဟုတ်လား... ခင်ဗျားရဲ့မောင်လေးလို၊
ခင်ဗျားရဲ့အဖေ့လို၊ခင်ဗျားရဲ့အမေလိုလေ..."

"တို့အဖေနဲ့မောင်လေးရဲ့အိမ်မှာ ကျွန်ခံစေချင်တယ်...နောင်ဘဝအထိ ဘဝအဆက်ဆက်အထိ...မုန်းတယ်..."

သူရိယဆိုသူ၏အပြောများကြောင့် မျက်ရည်များပိုးပိုးပေါက်ပေါက်ကျနေရသည်။
ရွှေရင်ငြိမ်းနဲ့စေ့စပ်ကာ မိဘစကားနားထောင်ခဲ့သည်။ လက်ထပ်မယ့်နေ့အထိ ပျော်ရွှင်နေကြရင်းမှ လက်ထပ်ဖို့သဘောတူခဲ့ပြီးမှ သတို့သားဖြစ်သူထွက်ပြေးသွားခြင်းကြောင့် အရှက်ရခဲ့သလို မိသားစုပြိုကွဲခဲ့တာပင်။

ကမ္ဘာတည်သ၍ (Completed)Where stories live. Discover now