အနက်ရောင်ကုတင်အခင်းကြီးပေါ်၌ လူတစ်ယောက်လူးလှိမ့်နေ၏။ အိပ်မောကျနေရင်းမှ တစ်ခုခုကြောင့်လူးလှိမ့်နေသယောင်။နာနာကျင်ကျင်နဲ့ငြီးငြူကာ မျက်စိစုံမှိတ်လို့ ဘယ်မှညာ၊ညာမှဘယ်သို့ လှုပ်ရှားလျက်။
အိပ်ပျော်နေရင်းအသံတစ်ချို့ကြားလိုက်ရ၏။ ခေါ်နေသံများနှင့်ခေါင်းလောင်းသံတစ်ချို့။ သီချင်းဆိုသံများအလား အသံတိုးဖျဖျနဲ့လေတိုးသံ။ လေညှင်းများ တိုက်ခတ်နေသယောင် အေးစိမ့်စိမ့်လေးဖြစ်နေသည်။ ရုတ်တရက် မျက်ဝန်းများဖွင့်ကြည့်မိလိုက်၏ အမျိုးသမီးလေးအိမ်ပြန်ရောက်လာပြီပဲ။
"ခြူး..."
"အကို..."
"ခြူးပြန်လာပြီလား..."
"အကို... ခြူးကိုလွမ်းရဲ့လား..."
"လွမ်းတာပေါ့ ခြူးရယ်..."
ကုတင်အထက်မှမရဏဖွားသည် မျက်ဝန်းများမှိတ်လျက်အိပ်ပျော်နေခဲ့သည်။ တစ်စက်ကလေးမှအသိတို့မရှိသော်လည်း ငြီးငြူ
နေရင်း မရှိလေသောသူကိုမြင်နေရသည့်ပမာ စကားတို့ဖောင်ဖွဲ့လျက်။"မင်းဘာလို့ မျက်နှာမကောင်းရတာလဲကွယ် ခြူးရယ်..."
"အကို ခြူးကိုမချစ်လို့လေ..."
"ကိုယ့်မိန်းမလေးကို အရမ်းချစ်တာပါကွာ..."
အကျီထဲလက်နှိုက်ကာ ရင်ဘတ်ပေါ်မှအသားစိုင်တို့ကို ပွတ်သတ်နေပါသော
ခြူး၏လက်ကလေးများက အေးစက်နေသည်။ ရေခဲတုံးကြီးပမာ အေးခဲနေပါ၏။
အိပ်ယာပေါ်မှထဖို့ပြင်ချင်သော်လည်း ခန္ဓာကိုယ်ကလှုပ်မရ။"ခြူးရဲ့လက်တွေအေးနေပါလား..."
"သြားပါ...အကိုက ခြူးကိုမချစ်ပဲ အခုမှဂရုမစိုက်နေနဲ့..."
"မင်းကလွဲ ကိုယ့်မှာနှစ်ယောက်မရှိပါဘူးကွာ..."
ကုတင်ပေါ်တွင် ထိုင်နေပါသောခြူးက ငိုနေလေ၏။ သူ့ကိုမချစ်ဘူးဟုလည်းပြောနေသလို သူ့ကိုမချစ်ဘူးဟု ထင်ရလောက်အောင် ကိုယ္ဘာအမွားမ်ားလုပ္ထားမိသလဲ။
"အကိုက ရိုင်နဲ့ရိုင်ယန် တို့ကိုပဲချစ်တာ..."
"မင်းကိုလဲချစ်တာပေါ့ ခြူးရယ်..."