"တောက်..."
"Daddyဘာဖြစ်လာတာလဲ..."
"ဟိုခွေးကောင်ပေါ့...ငါ့ကိုမြင်ရက်နဲ့ ငါကြည့်နေတာသိရက်နဲ့ သူ့လင်နဲ့သူလုပ်နေတယ်..."
"ကိုသုတငြိမ်းချမ်းလား..."
"ဘယ်ကောင်ရှိတုန်း..."
အိမ်ပြန်ရောက်လာပြီး အခန်းထဲဝုန်းဒိုင်းကျဲနေသူက အရမ်းကိုစိတ်ဆိုးနေပုံပေါက်နေ၏။
အရင်ရည်းစားရဲ့မောင်ဖြစ်သူ မတော်ရသေးသောယောက်ဖကိုအခုထိကြောက်နေဆဲပေ။
ပြောသမျှစကားနားထောင်ကာ ခိုင်းသမျှလုပ်ပေးရတဲ့အထိ အဲ့ဒီ'သုတငြိမ်းချမ်း'ဆိုသူက ဘာကောင်လဲ။"ဒီမှာDaddy..."
"နောက်မှပြော ကိုယ်ရေချိုးမလို့..."
"မရဘူး ရပ်နေ..."
ပြာပြာသလဲသူ့အနောက်ပြေးလိုက်ကာ အမိန်းမဟုတ်သောအသံနဲ့အော်နေတာကိုပင် လှည့်ကြည့်မလာ။ ယောကျာ်းတွေအရမ်းကောင်းတယ် အခုတစ်မျိုးတော်ကြာတစ်မျိုး။ အိပ်ယာဝင်ရင် တစ်မျိုး။
"ရပ်လို့ပြောနေတယ်လေ..."
"ကျွတ်စ် မကျေနပ်လိုက်ခဲ့ကွာ...အလုပ်ကပြန်လာတာနဲ့မနားရဘူး Barမှာရဲတွေဝင်စစ်လို့ဆိုလို့လဲ ပြေးကြည့်ရသေး...ဟိုသူတောင်းစားက
သူ့ဆီလာဆိုလို့လဲသွားရသေးတယ်...
မင်းလဲလာမရစ်နဲ့ အေးဆေးနေစမ်းကွာ...""ဟာ...Babyဘာပြောရသေးလို့လဲ..."
စိတ်ပေါက်ပေါက်ဖြင့်အော်မိပြန်တော့ မျက်ရည်ဝိုင်းကာ နှုတ်ခမ်းစူလာသူ။
"ကိုယ်မှားတယ်ကွာ ရပြီလား..."
"သောက်အဖိုးကြီး..."
အနားရောက်လာသူကို ရေဖြည့်ထားသောကန်ထဲထိုင်ချပြီးသာ ဆွဲချပစ်လိုက်တော့သည်။ စိတ်ညစ်နေခဲ့သည်က ဟိုကောင်ပြန်လာစဥ်တည်းကပင်။
'သုတငြိမ်းချမ်း'ဆိုသူက 'မရဏဖွား'အပေါ် ကောင်းသောကြံစည်ခြင်းများဖြင့် ဆက်သွယ်မည့်သူမဟုတ်ပေ။
မရဏဖွားနှင့်တွေ့ဖို့ရာ ချိန်ဆိုခိုင်းနေ၍လည်း စိတ်ညစ်နေခဲ့ရ၏။ သူတို့ကိုပေးတွေ့တာထက် ကျားဖင်ပြေးနှိုက်တာမှတော်ဦးမယ်လို့ တွေးမိသည်။