"မောင်နိုင် ငါ့အခန်းကိုလာဦး..."
ရုံးခန်းထဲထိုင်ကာနေရင်း ငွေအဝင်အထွက်ကိုစစ်ကြည့်မိရာ ငွေသွင်းဖို့နောက်ကျနေပါသောကုမ္ပဏီများထဲမှ Shwe MaHAR အမည်ကိုတွေ့လိုက်၍
မျက်မှောင်တို့ကျုံ့လိုက်မိ၏။"Shwe MaHAR ကုမ္ပဏီက အရင်လနဲ့ဒီလ
ရောင်းအားအမြတ်ရှိတယ်မဟုတ်လား...""70% အရောင်းရဆုံးကုမ္ပဏီထဲပါတယ် သူဋ္ဌေး..."
ဦးရွှေမဟာ၏ကုမ္ပဏီမှာ MaRAကုမ္ပဏီဆီမှယူကာ ရွှေ၊ငွေ၊ရတနာ၊စိန်နှင့်ဥဿဖရား အရိုင်းတုံးတွေကိုပါ လက်ခွဲရောင်းချလေ၏။ ဒီလအတွက်ရောင်းအားအမြတ်ငွေ သိန်းထောင်ချီရှိပါလျက်
ပေးရမည့် ရာခိုင်နှုန်းကိုလွှဲပေးဖို့ရာ ၁၀ရက်ကျော်နေလေပြီ။"ငါတို့သူ့ဆီက ရာခိုင်နှုန်း
ဘယ်လောက်ယူထားလဲ မောင်နိုင်...""ပစ္စည်းတစ်ခုချင်းဆီကို ၄ရာခိုင်နှုန်းနဲ့ အကုန်လုံးနီးပါးလျော့ပေးထားတာပါ သူဋ္ဌေး..."
"ဘာ...ဘယ်သူက ငါ့ခွင့်ပြုချက်မပါပဲလျော့ပေးထားတာလဲ..."
"အကိုလေး လက်မှတ်ဒီမှာရှိပါတယ်..."
တွန့်ကြုတ်နေသော မျက်ဝန်းတစ်စုံက မျက်မှန်ဘောင်ကိုကျော်လျက်ကြည့်ကာ သူ၏မျက်ခုံးတို့ပင့်တက်သွားလေသည်။
"ဆက်ပြောမောင်နိုင် ငါနားထောင်နေတယ်..."
"တခြားကုမ္ပဏီတွေကိုတော့ အကိုလေးက
အမြတ်၉ရာခိုင်နှုန်း ယူပါတယ် သူဋ္ဌေး... ဒါကြီးကလေ ဦးရွှေမဟာကုမ္ပဏီအတွက်ကျ အမြတ်အစွန်းနည်းတော့ ကျန်တဲ့ ရှယ်ယာရှင်တွေနဲ့စကားပြော..."စာရွက်တွေကြားခေါင်းစိုက်နေရာမှ
အနက်ရောင်ကဒ်ကို ကမ်းပေးလာလေသော သူဋ္ဌေး။"ဘာ ဘာလုပ်ဖို့လဲ သူဋ္ဌေး..."
"ရင်လေးမသိစေနဲ့ သူ့အဖေကုမ္ပဏီအတွက်
၉ရာခိုင်နှုန်းပြည့်အောင် ဖြည့်လိုက်..."ကဒ်ကိုကမ်းပေးကာ သူ၏လုပ်လက်စကိုဆက်လုပ်နေသူ။ မောင်နိုင်လဲ ဘာပြောရမလဲစဥ်းစားမရတော့။ အခန်းအပြင်သို့သာခြေလှမ်းရင်း အနက်ရောင်ကဒ်ကိုသာ ငေးကာကြည့်နေမိ၏။