Part-8

9.9K 584 26
                                    

တံခါးခေါက်သံအဆက်မပြတ်ကြားနေရ၍ မဖွင့်ချင်သေးသော မျက်ဝန်းများကိုဖွင့်ရ၏။
ပက်လက်လှန်လိုက်ကာ မျက်နှာကျက်ကိုမျက်နှာမူပြီး မျက်ဝန်းပြာပြာတောက်တောက်များကို မှိတ်ချလိုက်မိသည်။ ပတ်ဝန်းကျင်ကလည်းငြိမ်သက်နေသလိုအရာအားလုံးကလဲ ဗလာနတ္ထိ။
ဒီအိမ်၌ရောက်နေချိန်မှာ သုံးရက်ရှိလေခဲ့ပြီ။
အိမ်ပြန်ခွင့်မပေးသလို ဘယ်မှလဲမသွားခိုင်းပဲ သူ့ရဲ့အနားတွင်သာ ခေါ်ထား၏။

ဖေဖေ့အားဖုန်းဆက်ကာ သူခေါ်ထားတယ်လို့
ဆိုလေခြင်းအား စိတ်ကြိုက်ခေါ်ထားလို့ရပါတယ်ဟုပြန်ပြောလေသူကြောင့် မိမိဘဝတစ်ခုလုံးက 'မရဏဖွား' ၏ လက်ထဲ၌အရုပ်ပမာ ရောင်းစားခံလိုက်ရပြီလား။

ထားရာနေ။စေရာသွား။ ဒီလိုဘဝနဲ့ဘယ်လောက်ထိနေရမှာလဲ။ အဲဒီလူကလည်း အမြဲတစေအလုပ်ကိစ္စဟုပြောကာ အပြင်ထွက်သွားတတ်၏။

'သွားပေါ့...သူမရှိတာ အရမ်းသာယာပါရဲ့...'

အလုပ်၊အလုပ်၊အလုပ်ဟုပြောတတ်သလို
စိန်များထားသောအခန်းဟုဆိုသော အခန်းထဲတွင်သာအမြဲတစေ မျက်မှန်တစ်လက်နှင့်ထိုင်နေတတ်သူ။ ရမ်းကားချင်သောအချိန်မှသာ
လူအနားသို့ အတင်းကပ်လာတတ်၏။
လုပ်ချင်ရာလုပ်ပြီးလျှင်လည်း ဘေးနားတွင်အိပ်ကာ အသက်ရှူရပ်တန့်လောက်အောင် ဖက်ထားပြီး သူ့ရဲ့ဟောက်နှင့်နှိပ်စက်ပြန်သည်။

အခန်းထဲမှအခန်းပြင်ထွက်ချင်သော်လည်း အိမ်နဲ့မတူ ဝဏ်ကမ္ဘာကြီးလိုဖြစ်နေ၍ နောက်ဆုံး၌ ဒီအခန်းရှေ့ကိုသာပြန်ရောက်ရ၏။
အခန်းထဲသာပြန်ထိုင်နေရတတ်သည်။

"လာပြီ..."

တံခါးခေါက်နေပုံက ဇွဲတော်တော်ရှိသားဟုတွေးကာ ဆိုဖာပေါ်လက်ထောက်လျက် အားယူ၍ထရသည်။

"ဟင်...ငါ့အကျီ..."

စောင်ကိုဖယ်လိုက်သောအခါ၌
ကိုယ်တုံးလုံးဖြင့် အမေမွေးတည်းကအတိုင်း။ ကိုယ်ခန္ဓာအထက်ဝယ် ဘာအကာအကွယ်မှမရှိခဲ့။
ပေါင်အတွင်းနေရာတစ်ချို့၌ အညို၊အမဲအကွက်များရှိ၏။ ပခုံးအထက်နှင့် လည်ပင်းနေရာတစ်ချို့တွင်လည်း ခရမ်းရောင်အကွက်များကထင်းနေသည်။

ကမ္ဘာတည်သ၍ (Completed)Where stories live. Discover now