လွန်ခဲ့သောတစ်လခန့်က ပိုလန်မှပြန်လာပြီးချိန်တွင် Lucasရဲ့နှစ်ပတ်လည်နေ့မို့ သူရှိရာကိုအလည်သွားဖြစ်ခဲ့၏။
အတိတ်မှအဖြစ်များကို ပြန်လည်၍လည်း
မမှတ်မိသေး။ နှစ်ကြိမ်တိတိအတိတ်မေ့ခဲ့၍လားမပြောတတ် ဘာကိုမှသတိမရချင်တော့။
နာကျင်စရာများကိုလည်း လွမ်းမနေချင်တော့သလို မသိချင်တော့ပါ။"မရဏဖွားနဲ့လည်း မသိချင်တော့ဘူး...
Ramလေးက သူ့သားလေးပါလို့လဲမပြောပြချင်ဘူး...Lucas ခင်ဗျားသာအသက်ရှိနေသေးရင်
ခင်ဗျားနဲ့ပဲအတူရှိချင်တော့တယ်သိလား...
ခင်ဗျားနဲ့နေခဲ့ရတဲ့ ဒီကာလတွေဟာ အေးချမ်းလွန်းတယ်..."ခင်ဗျားကိုမချစ်ပါဘူး ဒါပေမယ့် ခင်ဗျားနဲ့ပဲအတူအိုမင်းချင်လောက်အောင်ကို မေတ္တာရိပ်တွေရနေခဲ့တော့ နေခြည်လိုနွေး၊ပန်းလိုအေးတဲ့ ဘဝနဲ့ ခင်ဗျားအရိပ်မှာပဲခိုလှုံချင်တော့တာ။ အရာအားလုံးအတွက်လည်း ကျေးဇူးတင်ပါတယ်။
"Ramလေး Daddyကိုကန်တော့ကြစို့..."
Lucasသိပ်ကြိုက်သော Whiskeyပုလင်းလေးနှင့် ချယ်ရီပန်းစည်းလေးကို သူ၏အုတ်ဂူအထက်သို့ တင်ပေးလိုက်ပါသည်။
"ခင်ဗျားရဲ့အရိုးပြာတစ်ချို့က လေယာဥ်ကွင်းမှာပျံ့ကျဲကုန်ပေမယ့် ကျွန်တော်နဲ့ရမ်လေး သေချာကောက်ခဲ့ပါတယ်...ခင်ဗျားနောင်ဘဝမှာခြေလက်စုံမှာပါ...စိတ်ချ..."
ခပ်ဟဟရယ်သံတို့က စိတ်မပါ၍များလားမပြောတတ် ပေါ့ပျက်ပျက်ဖြစ်နေခဲ့၏။
တကယ့်ကိုပင်ပန်းလွန်းနေပါ၏။ အရင်တစ်ချိန်ကလည်း ကိုယ်ဝန်ဆောင်ခဲ့ဖူးသည်ဆိုပါလျှင် ကလေးငယ်ကဘယ်သူဖြစ်မလဲ ရှာရဦးမည်။ရိုင်လေးလား တခြားကလေးလားလည်းမပြောတတ်။
မရဏဖွားကလည်း မိမိရဲ့ယောကျာ်းဖြစ်နေသလို၊ ခြူးညီညီကလည်း ဘာကြောင့်များ မိမိကဲ့သို့ရုပ်ဖျက်ကာ ခွဲစိတ်ပြုပြင်ထားရသလဲ။ သောကတွေနဲ့ အပူရုပ်ကိုဟန်လုပ်ထားရသေးသည်။
"ရမ်လေး အိမ်ပြန်ကြစို့..."
သချိုင်းဂူများရှိရာနေရာပေမို့ တိတ်ဆိတ်ကာအေးစိမ့်စိမ့်ဖြစ်နေ၏။ အေးချမ်းခြင်းနိမိတ်ရှိရာမြေ။ အပူအပင်မရှိသော လူများနေထိုင်ရာ နေရာဖြစ်၏။ သားရဲ့လက်ကိုဆွဲလို့ သချိုင်းဂူမးေကိုဖြတ်ကျော်နေစဥ် အသံဩရှရှလေးတစ်ခုက ဝမ်းနည်းစွာစကားပြောနေ၏။