မရဏဖွားအပိုင်စံအိမ်ကြီးဆီသို့ နောက်ထပ်တစ်ကြိမ်ထပ်မံရောက်လာခဲ့ပါ၏။ ဒီတစ်ကြိမ်မှာတော့ လက်ထဲ၌သက်သေခံပစ္စည်းတွေနဲ့မို့ သူတို့ဘယ်လိုငြင်းဆန်နိုင်မှာလဲ။
ပစ္စည်းရဲ့မူလပိုင်ရှင်လည်း တိမ်းပါးခဲ့ပြီးပြီ။
ယုံသည်ဖြစ်စေ၊မယုံသည်ဖြစ်စေ ကတိတည်တတ်သောမိသားစုမှဆင်းသက်လာကြသူတွေပဲလေ ကတိတော့တည်ရမယ်မဟုတ်လား။ ဘယ်အရွယ်ကပေးခဲ့တဲ့ ကတိလေးပဲဖြစ်ဖြစ်ပေါ့။"ဘယ်လို..."
မမြင်မစမ်းနဲ့မရဏဖွားမှာ ဒါဒါမုန်းပေးသော လောကတ်ပြားကိုကိုင်လျက် အလွန်အမင်းထိတ်လန့်သွားလေ၏။
"အကို ကျွန်မမှားခဲ့တာတောင်းပန်ပါတယ်...
ဒါပေမယ့်လေ အကိုရယ်... အကိုကျွန်မကိုလက်ထပ်ရမယ်နော်...""ဘာ... "
"အကို ကတိပေးခဲ့တယ်လေ...ငယ်ငယ်ကလေ..."
"ခြူးညီညီ မင်းနာမည်မဟုတ်သေးဘူး
ဒါဒါမုန်း မင်းဘာပြောနေတယ်ဆိုတာကိုရော မင်းသိသေးရဲ့လား..."လောကတ်ပြားကိုကိုင်ထားလေသူ အကိုက ဒုက္ခိတဖြစ်နေတာကိုတောင် မာန်မလျော့သေး။ ဒေါသအလျောက်အံခဲထားလေ၏။
မျက်ဝန်းသေတွေဟာ မာန်မာနတို့မရှိတော့သော်ငြား လက်သီးထက်ဝယ် မာန်တင်းလို့။"အကို ဒါဒါ့ကိုမေ့သွားပြီလား...အကိုကတိပေးခဲ့တာလေ တစ်နေ့မင်းနဲ့လက်ထပ်မယ်ဆိုပြီး ဒါဒါ့ကိုကတိပေးခဲ့တယ်လေ...
မင်းအသက်ကြီးလာတဲ့အခါ
လောကတ်ပြားလေးနဲ့ ကိုယ့်ကိုလာရှာပါဆို...""ငါ..."
ဘေးကျပ်၊နံကျပ်ဖြင့် ပြောရခက်နေသလိုဖြစ်နေလေ၏။ ထိုလောကတ်ပြားလေးဟာ မရဏဖွားဆိုသူအတွက် ဘယ်မျှလောက်ဖိုးတန်လဲဆိုပါလျှင် ဟိုးတစ်ချိန်က ဒီလောကတ်လေးကိုလက်ဝယ်ရရှိခဲ့သူသာ မရှိခဲ့ပါလျှင် မရဏဖွားကလည်းရှိလာလေမှာမဟုတ်ခဲ့ပေ။
"အကိုက ကတိလွယ်လွယ်ပေးပြီး
ကတိလွယ်လွယ်ဖျက်တတ်တာပဲ...""ငါ..."
ဤသည်ကလွန်ခဲ့သောကလေးဘဝကပင်။
တစ်ဆယ်သုံးနှစ်ကျော်အရွယ်လောက်က တွေ့ခဲ့ဖူးသော ကောင်မလေးတစ်ဦး။