"ကိုယ်ပိုင်အမှတ်(၁...၅) ဧည့်တွေ့ချိန် မိနစ်၃၀..."
တံခါးအသံကြားပြီး လူရိပ်မြင်လိုက်ရတော့
ထိုလူရှိရာသို့ကြည့်လိုက်မိတော့သည်။
ပြုံးပြနေသူက ထောင်သားများဝတ်စုံကိုဝတ်ဆင်ထားပြီး မိမိရှိရာလျှောက်လှမ်းလာသောကြောင့် ထိုင်စောင့်နေရုံမှအပ တခြားမရှိချေ။"ဒါဒါ..."
"ခြူးညီညီလို့ခေါ်စမ်းပါ...အခုက ခြူးညီညီ..."
"ေအး...ဘာလာလုပ်တာလဲ..."
သူရိယကတော့ဂျစ်ကန်ကန်မျက်နှာဘေးနဲ့သာ ဘယ်အရာမှမပြောင်းလဲသေးလို ထောင်ကျရက်များကလည်း ထပ်တိုးလာပြန်၏။ ေထာင်ထဲ၌ရန်ဖြစ်တယ်ဆိုသောသတင်းကြောင့် လာရောက်ကြည့်ရှု့ရခြင်းပေ။
"နေကောင်းလား အဆင်ပြေလား..."
"မြင်တဲ့အတိုင်းပဲ အလတ်ကြီးရှိသေးတယ်...နင်ရော..."
ဒါဒါမုန်းက ခြူးညီညီဆိုသောအမည်အောက်၌တော်တော်လေး အသားကျနေပြီထင်သည်။ သူဋ္ဌေးကတော်တစ်ယောက်လိုအမူအရာ ဝတ်စားဆင်ယင်မှုနဲ့အတူ ဟန်ပန်အနေအထားတို့က တော်တော်လေးတည်ငြိမ်နေ၏။
"ဒေါက်တာသူရိယ...ကျွန်မကလေးလိုချင်လို့..."
"နင့်ယောကျာ်းကိုပြောလေ...နောက်တစ်ချက် ငါ့ကိုဒေါက်တာလို့မခေါ်နဲ့တော့...ငါအခုငါဖြစ်ချင်တာတွေလုပ်ပြီးခဲ့ပြီ မရဏဖွားလဲ
သူ့ဘဝမှာ သူ့အသိစိတ်မရှိနိုင်တော့ပဲ တစ်ပါးသူရဲ့စိတ်နဲ့အသက်ဆက်နေရပြီဆိုတော့ ငါကျေနပ်တယ် ဒါဒါ...""သူရော ကျွန်မရောကလေးအရမ်းလိုချင်နေတာ...ကလေးက ရမလာသေးဘူး... စောက်'အ'လေး ရိုင့်ကိုလည်း ကျွန်မ
မချစ်ပေးနိုင်ေတာ့ဘူး..."မျက်စိရှေ့မှ ဆရာဝန်ဖြစ်ခဲ့ဖူးသူ ရွှေရင်ငြိမ်း၏ သဘေင်္ာအားမီးရှို့ကာ ဖျက်ဆီးခဲ့သူ သူရိယ။ မရဏဖွား၏မိသားစုကို ပြိုပျက်အောင် ဖြိုဖျက်ချင်သူက သူ၏အကြံများအောင်မြင်ခဲ့၍ ယခုလိုထောင်နန်းစံနေရတာကိုပင် ကျေနပ်နေ၏။
မိသားစုလိုချင်နေသော ကျွန်မကျ
ဘာကြောင့်များ ဆန္ဒတို့မပြည့်ဝရတာလဲ။