"ဟယ်လို သူဋ္ဌေးမင်း ဦးရွှေမဟာပါ..."
"ပြောပါ ဦးရွှေမဟာ..."
"ကျွန်တော့်သားက သူ့သဘောဆန္ဒနဲ့ သူဋ္ဌေးဆီမှာအသုံးတော်ခံဖို့ လာနေပါပြီ ခင်ဗျ...ကျွန်တော့်သမီးလေးနဲ့လက်ဆက်ဖို့အတွက်
သတို့သမီးဘက်က လက်ဖွဲ့လက်ဆောင်ကိုလဲ သူနဲ့တစ်ခါတည်းပို့ခိုင်းထားပါတယ်...လူရော ပစ္စည်းရော...လမ်းတစ်ဝက်ရောက်နေပါပြီ...""အင်း သိပြီ..."
အဖေရော သားရော ဘာတွေလဲကွာ။
စိတ်ပျက်စရာကောင်းသော တစ်ဖက်ဖုန်းမှ လူ၏ရွံစရာအသံကြီးကို မကြားချင်တော့တာအမှန်ပင်။ ဘယ်လိုအဖေမျိုးဆိုတာ တွေးကြည့်စရာမလို သူ၏အပြောနှင့်ပင်သိနိုင်၏။ သားသမီးကိုရောင်းစားသောအဖေ။
သမီးငယ်လေးက တစ်ဆယ့်ရှစ်နှစ်သာရှိသေးပြီး အပျိုစစ်စစ်လေးမို့ မယားငယ်ဖြစ်ရလဲ မိန်းမဝတ္တရားကျေအောင် သေချာသွန်သင်ပေးထားပါတယ်လို့ဆိုလာသော အဖေတစ်ယောက်၏စကား။
သမီးကိုယူပြီး အကြွေးလေးနည်းနည်းနှိမ်ပေးဖို့ရန်နဲ့ အကြွေးပေါင်းများစွာကိုလည်း ဖြေးဖြေးချင်းဆီသာပြန်ဆပ်ပါရစေဟူ၍ တောင်းဆိုလာသည်။သိက္ခာအကျမခံချင်၊ ဆင်းရဲနေပြီကို လူသိမခံချင်ပဲ အကြွေးပတ်လည်ဝိုင်းနေသူမှာ
ဆန်မရှိစောက်စားကြီးနေဆဲ။ အလုပ်လုပ်ရာမှာလည်း တစ်စက်လေးမှအသုံးမကျ။ အမြဲတစေ သွေးနထင်ရောက်ကာ သူ့ကိုယ်သူတော်လှပြီဟု တွေးထင်နေသူမို့ သူ၏ရှိသမျှငွေကြေး ကုန်နေရခြင်းပေ။သူ့သမီးဆိုသူကလဲ သူ့လိုစောက်တုံးပဲနေလိမ့်မှာပင်။မိဘလုပ်သမျှခေါင်းငြိမ့်နေရအောင် မင်းတုန်းမင်းအူဝဲအော်တဲ့ခေတ်မှမဟုတ်လေပဲ။
လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ်ရှိနေသင့်တာမဟုတ်လား။ တစ်ပါးသူလုပ်သမျှကို ငြိမ်ခံနေရလောက်အောင် မိဘနှင့်သားသမီးကြားမှာလည်း စည်းမျဥ်းဆိုတာရှိသင့်တာပဲလေ။
'ခင်ဗျားရဲ့သားကို ကျုပ်ဘက်ကခြေတော်တင်ပြီးမှ ခင်ဗျားသမီးနဲ့ လက်ထပ်မယ်...ပြီးရင် အကြွေး၃၀ ရာခိုင်နှုန်းလျော့ပေးလိုက်မယ်...'လို့ပြောခဲ့စဥ်က သဘောတူတယ်ဟုဆိုလာသောအဖေဖြစ်သူကြောင့် တကယ့်ကိုစွံ့အခဲ့ရလေ၏။
![](https://img.wattpad.com/cover/311335674-288-k818255.jpg)