Part - 51

5.9K 228 5
                                    

"တရားသူကြီးမင်းခင်ဗျာ...
တရားခံအစစ်ကိုဖမ်းမိခဲ့ပါပြီ..."

အခန်း၏ အပေါက်ဝမှဝင်လာလေသူမှာ စခန်းမှုးနှင့်အတူ ဒါဒါမုန်း​ဖြစ်လေ၏။ သူ၏လက်၌ လက်ထိပ်ခတ်ခံထားရလေပြီး မျက်မှောင်တို့တွန့်ကြုတ်လျက်။ ဝမ်းနည်းနေသောစိတ်တို့မှာ အားတက်လာသယောင်ရှိလေပြီး ပျော်ရလွန်း၍မျက်ရည်တွေလည်းဝဲလာခဲ့၏။

မရဏဖွားရှိရာသို့ကြည့်ငေးမိစဥ်ဝယ် သူက ပြုံးနေလေသည်။ ခပ်အေးအေးမျက်နှာဘေးဖြင့် သူ၏သူငယ်ချင်းများ၏အကူအညီကိုယူကာ  ထိုင်နေရာမှထ၍သွားလေသည်။ Projecterတစ်ခု၏ရှေ့အရောက်ဝယ် မတ်တပ်ရပ်နေရင်း ...

"ဒီProjecterကို ဒီခန်းမထဲကအားလုံး မြင်ကြမယ်လို့ ထင်ပါတယ်...
CCTV မှာမြင်ရတာက ရွှေရင်ငြိမ်းမဟုတ်ပါဘူး...တခြားသူပါ..."

"..."

"သူ့ရဲ့ခြေထောက်မှာ ဒေါက်မြင့်ဖိနပ်ရှိပါတယ်...
သူ့ရဲ့ခြေဖဝါးမှာအမဲစက်တစ်ချို့ကို မြင်ကြပါသလား...အဲ့တာတက်တူးတွေပါ...ရွှေရင်ငြိမ်းမှာ အဲ့ဒီတက်တူးမရှိပါဘူး...နောက်တစ်ချက်ကအဓိကပါပဲ... ရွှေရင်ငြိမ်းနဲ့ ဟိုက အဖမ်းခံထားရတဲ့အမျိုးသမီး ရုပ်ချင်းအရမ်းဆင်တူပါတယ်..."

အမြွှာတွေလားဟုဆိုကာ တရားသူကြီးများ ရှေ့နေများ။ လူများစွာ၏အတင်းအဖျင်းသံများကိုကြားလိုက်ရ၏။ တွတ်ထိုးနေသောအသံများနှင့်အတူ
အခန်းတစ်ခုလုံးဆူညံလျက်...

" ရွှေရင်ငြိမ်းရဲ့မျက်နှာပုံစံအတိုင်း ပလတ်စတစ်
ဆာဂျရီလုပ်ထားတာပါ...
ဒါဒါမုန်း(ခ)ခြူးညီညီပါ...ခြူးညီညီဆိုတာ သူ့ရဲ့
နာမည်နောက်တစ်ခုအနေနဲ့ သူကိုယ်တိုင်ပဲပြောင်းလဲခဲ့တာပါ...အဲဒီနာမည်ကလည်း
ကျွန်တော့်ရဲ့အမျိုးသားရွှေရင်ငြိမ်းပိုင်တဲ့ နာမည်ပါပဲ...
အဲဒီအမျိုးသမီးက ခြူးညီညီဆိုတဲနာမည်ကို
ယူသုံးတယ်... အတိတ်မေ့နေတဲ့ ကျွန်တော့်ကိုအောက်လမ်းပညာ စုန်းကဝေပညာတွေနဲ့
ပြုစားခဲ့ပါတယ်...သက်သေတွေက တရားသူကြီးမင်းရှေ့က Projecterထဲ အကုန်ပါပါတယ်...
ကျွန်တော်ပိုင်တဲ့ရတနာလောကတ်အကြောင်းကို ဒါဒါမုန်းက သိထားပါတယ်...
သူ့အပြစ်တွေကိုခွင့်လွှတ်ပေးဖို့ ကျွန်တော့်ရဲ့မိသားစုဆီကို ဒီလောကတ်နဲ့အတူ သူပြန်လာခဲ့တာပါ...လောကတ်ပိုင်ရှင်ကို သူကိုယ်တိုင်သတ်ပစ်လိုက်ပြီးတော့ပေါ့..."

ကမ္ဘာတည်သ၍ (Completed)Where stories live. Discover now