နံနက်ခင်းသတင်းစာဖတ်ရှူ့နေသော မျက်မှန်အောက်မှမျက်ဝန်းတစ်စုံ၏ ခပ်ဖျော့ဖျော့သက်ပြင်းချသံကိုတွေ့လိုက်ရ၏။ မြင်နေရသော သတင်းစာစာရွက်လေးပေါ်မှ အပိုင်းအစအကွက်လေးထဲမှ လူပျောက်ကြေငြာ။ အပတ်စဥ်တိုင်း စာမျက်နှာနံပါတ်သာပြောင်းသွားမည်။
နေ့စဥ်သတင်းတွင်တော့ပါလာတတ်၏။"သူဋ္ဌေးကြီးမရဏဖွား၏ပျောက်ဆုံးနေသော ဇာမဏီလောကတ်ပြား..."
ရှာဖွေနေမိသောလူရဲ့နာမည်နဲ့
ပုံစံကိုသေသေချာချာမဖော်ပြထား။ လောကတ်ပုံစံမဖော်ပြထားပါပဲ ဒီအတိုင်းရှာနေပုံထောက်ဘယ်လိုလူကသိရမလဲ။ သူရှာနေခြင်းအကြောင်းကရော သူမျှော်နေသူကိုဖမ်းဆုပ်နိုင်မလား။"ရိုင် ကွတ်ကီးစားဦးမလား..."
"ခေါင်းငြိမ့်ပြရုံမရဘူးနော်...အသံလဲ လေ့ကျင့်ရမယ်..."
"ဆိုကြည့်ပါဦး အာ....."
"ခ်ခ်... "
ရိုင့်ပုံလေးကိုကြည့်ပြီးသာ ရယ်လိုက်မိတာ့၏။
နှုတ်ခမ်းတွင် ရွှေတောင်ခေါက်ဆွဲ၏အဆီများပေကြံလျက် ကွတ်ကီးလေးတစ်ခုကိုကိုင်ကာ ပြောသမျှလိုက်လုပ်နေသော်လည်း
သူ၏နှုတ်မှ စကားလုံးများကထွက်မလာပေ။ ကျိုးနေပါသောသွားလေးနှစ်ချောင်းနှင် ပိုးစားကာစ သွားလေးတစ်ချောင်းသာ မြင်လိုက်ရ၏။"ရိုင် Daddyဆီကဘာလိုချင်သေးလဲ...ရင်ရော ဘာပူဆာစရာရှိလဲ..."
"..."
"လိုချင်တာအကုန်ပြောလေ Daddyတက်နိုင်ရင် မင်းတို့ တောင်းဆိုသမျှ အကုန်လုပ်ပေးမယ်..."
တစ်ဆက်ထဲမှာပဲ ဦးမရဏဖွားက စကားဆိုကြန်၏။ သူ၏ရည်ရွယ်သူထံသို့။
"မင်းရော ကိုယ့်အိမ်မှာအဆင်ပြေတယ်မဟုတ်လား..."
ဤသည်က မနက်ခင်းတိုင်းကြားနေကြ မဂ်လာရှိသောစကားလေးများ။ ဒီနေ့ ဦးရဲ့မျက်နှာမကောင်းသောကြောင့် ရင်လဲ စိတ်မကောင်းဖြစ်နေမိ၏။ စိတ်မရွှင်မလန်းဖြစ်နေသည့်တိုင် ဤသို့သောစကားကိုမေးဖို့တော့မမေ့ခဲ့ချေ။
"ဦး စားလို့ဝပြီလား..."
"အင်း..."
"တစ်လုတ်၊နှစ်လုတ်ပဲရှိသေးတယ်လေ..."