Part-12

8.4K 500 60
                                    

"နမ်းလို့ရပြီလားလို့ ကိုယ့်အသည်းလေး..."

"..."

"အသည်းလေးရေ ဒီဘက်လှည့်ပြီး ရန်တွေ့လှည့်ပါဦး..."

"..."

"ကိုယ်လာပြီလေ... ဒီဘက်လှည့်ပါဦး
အိပ်ကြရအောင်လေ...ကိုယ့်အသည်းလေး ပူတူတူးလေး..."

တစ်ဖက်လှည့်ကာရယ်နေရင်းမှ ချွဲပျစ်နေသောအသံများကြားလိုက်ရ၍ ရင်ထဲမနေတတ်တော့။
ရယ်ချင်စိတ်ကိုမနည်းထိန်းကာ သူ့နာမည်ကိုအော်ခေါ်မိလိုက်တော့သည်။

"မရဏဖွား..."

"ဗျာ...ဗျ..."

"မရဏဖွား...ခင်ဗျားမူးနေရင်အိပ်လိုက်တော့..."

"မင်းငါ့ကိုလာမအော်စမ်းနဲ့ မင်းတစ်ယောက်တည်းစိတ်တိုတတ်တာမဟုတ်ဘူး...အချစ်လေးဆိုမှ မာန်တက်ပြနေတာ"

"လူအိပ်ချိန်လေ ဘယ်လိုဖြစ်နေလဲ..."

"ငါကရောပြောချင်လို့ပြောနေတယ်ထင်လား...မင်းကိုခေါ်ချင်လို့ခေါ်နေတယ်ထင်လား"

"ပြောချင်လို့မဟုတ်ရင် ဘာလို့လဲ ခင်ဗျားရေ... အိပ်ချင်နေပါပြီဆိုနေ...ညသန်းခေါင်ကျော်နေပြီလေ...အိပ်ချိန်ရောက်ပြီလို့..."

" စောက်မြင်ကပ်စရာလေးနော် ညကသူ့ဘာသူ သန်းခေါင်ကျော်တာလေ မင်းကလဲ မင်းဘာမင်းအိပ်ချင်တာလေ ငါကလဲ ငါ့ဟာငါလော်ချင်လို့ခေါ်နေတာလေ..."

အရက်မူးလာပြီး ရစ်နေသူက မျက်ဝန်းတွေရီဝေဝေနဲ့ သူပြောချင်ရာပြောနေလေ၏။

"အရက်သမား လူရမ်းကား...ညသန်းခေါင်ကြီး သူများသားသမီးကို မအိပ်ရအောင်နှိပ်စက်နေတယ်...ခင်ဗျားအသံကြားနေရတော့ ဘယ်လိုအိပ်ပျော်မလဲဆိုနေ..."

"မင်းကို အသည်းလေးလို့ခေါ်တာလေ...ငါဘယ်နားမှားနေလို့လဲ..."

စောင်ထဲဝင်ကာ ပျစ်တောက်ပျစ်တောက်ပြောနေမိတော့ နှုတ်ခမ်းဆူကာ ဝမ်းနည်းပက်လက်ဖြစ်သွားလေ၏။ စိတ်ဆိုးနေပုံဖြင့် နှာဖျားလေးကလည်း နီနီရဲရဲ။

'ဘုရားရေ နှုတ်ခမ်းစူပြီးဝမ်းနည်းပြနေ သူက မရဏဖွားတဲ့လား..'

"ကိုယ်ကဒီနေ့ပြိုင်ဘက်ဆီကနေ သိန်းပေါင်းများစွာ အနိုင်ရလာတာ...မင်းကိုကျေးဇူးတင်ကြောင်းပြောမလို့..."

ကမ္ဘာတည်သ၍ (Completed)Where stories live. Discover now