အမှာစာ

38.9K 625 16
                                    

"အမှာစာ"

"နွမ်"

ဒီဇာတ်လမ်းလေးကို ဖန်တီးခဲ့တာ ၂၀၂၁ လောက်ကပါ။ အကြောင်းအမျိုးမျိုးနဲ့ ရပ်နားခဲ့ပေမယ့် နွမ်ရဲ့ ကာရိုက်တာကို ဖန်တီးခဲ့တာက အမှတ်တရမို့ ပြန်လည်အသက်သွင်းလိုက်ပါတယ်။ ဖတ်ဖူးလိုက်တဲ့သူတွေရှိမလား မသိပေမယ့် ခုဇာတ်လမ်းမှာတော့ ပုံစံအသစ်တစ်မျိုးနဲ့ ဖန်တီးပေးသွားမှာပါ။

ဇာတ်ကောင်တွေဖြစ်တဲ့ နွမ်၊ ပီခေါင်နဲ့ ကောင်းမြတ်သော တို့ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး ထိုင်းနိုင်ငံ ပတ္တယားကမ်းခြေမြို့ကိုပဲ အခြေတည်သွားမှာဖြစ်ပါတယ်။

ဒါ့ကြောင့် ပတ္တာယားကမ်းခြေမြို့နဲ့ ပတ်သက်တဲ့ အချက်လက်တွေကို အပြင်မှာ ရှိနေတဲ့အတိုင်း ထည့်သွင်းရေးသားမှာပါ။ (စာရေးသူက ပတ္တယားကမ်းခြေမြို့ကို နှံ့နှံ့စပ်စပ်ရောက်ဖူးပါတယ်။ Google က အချက်လက်တွေ မဟုတ်ပါဘူး။)

ဇာတ်ကောင်နဲ့ ဇာတ်ကွက်တွေကတော့ စိတ်ကူးယဉ်ပါ။

ဇာတ်ကောင်တွေထဲ "နွမ်" ဆိုတဲ့ ဇာတ်ကောင်က စိတ်ကူးယဉ်ဆိုပေမယ့် အပြင်မှာတကယ်ရှိတဲ့ Alcazar Show က Lady Boy ပုံစံကို စိတ်ကူးနဲ့ ချဲ့ထွင်ထားတာပါ။

ဇာတ်လမ်းအကျဉ်း

စီးပွားရေးလုပ်ငန်းတွေ အမြောက်အများပိုင်ဆိုင်တဲ့ ခေါင်နွံလာ့။ သိပ်ကို အရှိန်ဝါနဲ့ဩဇာကြီးတဲ့သူ။ 

နွမ်တဲ့။ နွမ်ခွန်းထံဆိုတဲ့ ကောင်လေး။ 

Pattaya မြို့က Alexian ဆိုတဲ့ Lady Boy Show ရဲ့ ဖျော်ဖြေသူ။

ဓာတ်ပုံရိုက်ရတာ ဝါသနာပါပြီး စီးပွားရေးကို စိတ်မဝင်စားတဲ့ ကောင်းမြတ်သော။

သူတို့ (၃) ယောက်ကြားက ဇာတ်လမ်းတစ်ပုဒ်။

အချစ်၊ အမုန်း၊ အတ္တနဲ့ လွန်ဆွဲမှုတွေကြားမှာ မေတ္တာတရားက အေးချမ်းနိုင်ပါ့မလား။

သိပ်ကို အရှိန်အဝါကြီးတဲ့ ပီခေါင်က နွမ်ကိုမှ သဘောကျပါသတဲ့။ ဒါပေမယ့် နွမ်ကတော့ သူနဲ့ပတ်သက်လာတဲ့သူတွေဆီက အချစ်ဆိုတာကို မမျှော်လင့်တဲ့အခါ...

ပီခေါင်ရဲ့ အချစ်တွေက နွမ် အပေါ် ဘယ်လိုသက်ရောက်လာမလဲ...

အချစ်ကို အချစ်နဲ့ တုံ့ပြန်တတ်လာဖို့ သင်ပေးသွားမယ့် ပီခေါင်...

နွမ် (Completed)Where stories live. Discover now