Part 41 (Z)

657 35 2
                                    

အပိုင်း - ၄၁

-ခွမ်း-

ကွဲကြေသွားသည့် ဖန်ခွက်လေးက အစိတ်စိတ်အမွှာမွှာ ကြမ်းပြင်ထက်မှာ ပျံ့ကျဲလျှက်။

ပီခေါင်က ကြည့်နေသည့် Laptop အား ပိတ်လိုက်ပါသည်။

အိမ်တော်ရှိ အိမ်တော်ထိန်းအပါဝင် အကူတွေအကုန်လုံး ခေါင်းငုံ့လျှက်သား။

ခေါင်နွံလာ့ လက်ထောင်ပြီး အားလုံးကို ထွက်သွားဖို့ အချက်ပြလိုက်ရသည်။

ထိုအခါမှ ဧည့်ခန်းမှာ မိုရမ်နဲ့ ခေါင်နွံလာ့သာ ကျန်ခဲ့ပါ၏။

"ပီခေါင်"

ပီခေါင်ကို မပြောနဲ့။ မိုရမ်ပင် ဒေါသ ထွက်ခဲ့ရတာမဟုတ်လား။ သိလာခဲ့ရသည့် သတင်းတွေက အဆင်မပြေခဲ့။ နွမ်က အဆင်ပြေပြေ ရှိနေတာမဟုတ်။

မိုရမ်က ပီခေါင်၏ သဘောဖြင့် နွမ်ဆီ ကြက်ကြော်ပို့စေခဲ့ပါသည်။ ကြက်ကြော်ပို့သည့် ကိုယ်ရံတော်ဆီ လျှို့ဝှက်ကင်မရာ တပ်ပေးလိုက်သည်။ နွမ်ကို မြင်လိုတာပင်။

ထိုကင်မရာလေးကတဆင့် ပြန်ရလာသည့် မှတ်တမ်းက စိတ်မသက်သာဖွယ်။

နွမ်ကို ဆွဲခေါ်လာသည့် မြတ်သော။ နွမ်၏ မလန်းဆန်းလှသည့် မျက်နှာ။

အဆိုးဆုံးကတော့ နွမ်၏ ဆံနွယ်လှလှတွေ မရှိတော့ပါ။

မိုရမ်တို့ မျှော်လင့်ခဲ့သည်က ပျော်ပျော်ရွှင်ရွှင်နဲ့ ထွက်လာသည့် နွမ်။ သိပ်လှသည့် ဆံနွယ်ရှည်တွေနဲ့ ကောင်လေး။ သိပ်လှသည့် ကောင်လေးကို မျှော်လင့်ခဲ့ကြတာပင်။ အခု မြင်ခဲ့ကြရသည့် မြင်ကွင်းတွေ မဟုတ်ခဲ့ပါ။

ပီခေါင်က မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ပြီး ငိုသည်။

"ငါ .. မှားသွားပြီ မိုရမ်"

"ပီခေါင် စိတ်အေးအေးထားပါ.. ကျွန်တော် ခုပဲ ကိုယ်ရံတော်တွေကို ခေါ်ပြီး နွမ်ဆီ သွားလိုက်ပါ့မယ်"

ခေါင်နွံလာ့ ခေါင်းခါမိသည်။

"စကတည်းက နွမ်ကို တားလိုက်သင့်တာ.. နွမ် ပျော်မယ်လို့ ထင်ခဲ့တာ.. အခုတော့.."

"ပြန်ခေါ်ကြရအောင်ပါ ပီခေါင်.. နွမ်ကို အဲ့မှာ ဆက်ထားဦးမလို့လား"

နွမ် (Completed)Onde histórias criam vida. Descubra agora