Part 5 (Z)

1.8K 50 12
                                    

အပိုင်း - ၅

နွမ် နိုးလာချိန် ပီခေါင်က အနားမှ မရှိတော့။ ခေါင်းရင်းက ဖုန်းလေးယူကြည့်မိတော့ အချိန်က မနက် (၇) နာရီ။ နွမ် စောင်ကို ခွာပြီး ထလိုက်သည်။ လက်မှာ ဆေးချိတ်ထားတာတော့ မရှိတော့ပေ။ အဝတ်အစားကတော့ ညကဝတ်ထားသည့် ညအိပ်ပင်။ ခေါင်းကို စမ်းကြည့်မိတော့ ပတ်တီးအသစ်လဲထားဟန်။ အပေါ်မှာ သွေးစိုနေတာ မရှိတော့။

နွမ် ကုတင်ပေါ်ကဆင်းပြီး အခန်းကို လှည့်ပတ်ကြည့်မိသည်။ ထို့နောက် မြင်နေရသည့် ပြတင်းပေါက်ဆီ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။

မှန်ပြတင်းမှ ဖြတ်မြင်နေရသည့် ရှုခင်းကြောင့် နွမ် ပါးစပ်လေးအဟောင်းသာ။ ဒီအိမ်က ပတ္တယားမှာ အကောင်းဆုံးစံအိမ်မဟုတ်လား။ လိုင်းပေါ်မှာသာ မြင်ဖူးခဲ့သည့် ထိုအိမ်။ ဧကများစွာကျယ်သည့်မြေပေါ်မှာ တခမ်းတနားတည်ဆောက်ထားသည့် အိမ်ကြီး။ နောက်ဖက်မှာ ရေကူးကန်အပြင် Helicopter ကွင်းပါရှိသည်။ ကားပါကင်နဲ့ မြင်းစီးကွင်း။ သိပ်ကို ကြီးကျယ်လှသည့် ဒီအိမ်ကြီးက ပီခေါင်ရဲ့ အိမ်တဲ့။ ဒီလူက ဒီလောက်အိမ်ကြီးမှာ တစ်ယောက်တည်း ဘာလုပ်နေပါလိမ့်။

အခုတော့ နွမ် ရောက်နေရသည်တဲ့။ နွမ် ကုတင်နားဆီ ပြန်လျှောက်လာခဲ့သည်။

ခုံလေးပေါ်မှာ စာလေးတစ်စောင်။

'နွမ် နိုးလာရင် အဝတ်လဲလိုက်နော်.. ကိုယ် ပီခမ်းကို မှာပြီး နွမ်ရဲ့ အဝတ်တွေ လာပို့ခိုင်းလိုက်တာ.. အဝတ်တွေကို ကိုယ် စီစဉ်ပေးရင် နွမ် မဝတ်တတ်မှာစိုးလို့လေ.. ပြီးတော့.. ကိုယ့် ဘောင်းဘီတွေနဲ့ နွမ်က မတော်လောက်ဘူး.. နွမ်ရဲ့ ခါးက သေးသေးလေး..'

စာဖတ်တာကို ရပ်ပြီး နွမ် ပြုံးမိသည်။

"အဟင်း.. နှာဘူးကောင်.. ငါ့ကို အဝတ်လဲပေးရင်း ကိုင်ထားပုံရတယ်.. ပိုက်ဆံတောင်းရမယ်"

နွမ် ခပ်တိုးတိုးရွတ်ပြီး စာကို ဆက်ဖတ်ရသည်။

'မနက်စာစားပြီးမှ ပြန်နော်.. ကိုယ် စီစဉ်ခိုင်းထားတယ်.. နွမ်ကို ပြန်ပို့ပေးဖို့ ကားလည်း စီစဉ်ပေးခဲ့တယ်.. ဘေဘီရဲ့ ဒယ်ဒီ'

နွမ် (Completed)Tempat cerita menjadi hidup. Temukan sekarang