Part 40 (Uni)

2.7K 242 46
                                    

အပိုင်း - ၄၀

မိုရမ်က မျက်နှာမကောင်းလှသော်လည်း ခေါင်နွံလာ့ ရှေ့မှာတော့ ဟန်ဆောင် ပြုံးနေရှာသည်။ မိုရမ်နဲ့ အနီးကပ်ရှိနေသူ ခေါင်နွံလာ့ကတော့ မိုရမ်၏ မျက်လုံးတွေ ကြည့်တာနဲ့ သိပါသည်။ မိုရမ်က မပြောမဖြစ်မို့ ပြောရမည့်ပုံစံ။ ခေါင်နွံလာ့ ဝမ်းနည်းမှာကိုတော့ စိုးရိမ်နေပုံရသည်။

အိမ်တော်၏ ဧည့်ခံမှာ မိုရမ်က သက်ပြင်းတွေသာချနေပါ၏။ ထို့ကြောင့် ခေါင်နွံလာ့ စကားစရသည်။

"ဘာစားမလဲ မိုရမ်"

"မစားတော့ဘူး ပီခေါင်.. ကျွန်တော့် ပီခမ်းနဲ့ ညစာအတူစားဖို့ ပြောထားပါတယ်"

"အင်း"

မိုရမ်က စကားစရခက်နေလေဟန်။ ထို့ကြောင့် ခေါင်နွံလာ့ကပင် ထောက်ပေးရသည်။

"နွမ် နဲ့ ပတ်သက်တဲ့ သတင်း.. ဘာရလဲ"

မိုရမ်၏ မျက်နှာက ကွက်ခနဲ ပျက်သွားပါ၏။

"ဟို.."

"ရတယ် .. မိုရမ်.. ဘာပဲ ဖြစ်ဖြစ်ပြောပြ.. ငါ သိချင်တယ်"

မိုရမ်က ခေါင်းညိတ်သည်။

"နွမ်က အဲ့အိမ်ကို ရောက်သွားပြီးနောက် အပြင်ကို လုံးဝမထွက်သေးပါဘူးတဲ့"

"ဟင်"

"ဟုတ်ကဲ့.. ဒီ (၄) ရက်လုံး နွမ် အပြင်ကို မထွက်ပါဘူးတဲ့ ပီခေါင်"

ခေါင်နွံလာ့ ခေါင်းခါမိသည်။

"လွှတ်ထားတဲ့ ကိုယ်ရံတော်တွေက သေချာ စောင့်ကြည့်နေရဲ့လား"

"ပီခေါင်.. နွမ်ကို စောင့်ကြည့်ဖို့ လွှတ်ပေးထားတဲ့သူတွေက အတော်ဆုံးတွေထဲကပါ.. အာရုံပျံ့လွင့်မှုမရှိတဲ့အပြင် အရမ်းတော်တဲ့သူတွေပါ"

"ဟူး.."

"ပီခေါင်.. နွမ်ကို သွားပြန်ခေါ်ခဲ့ရမလား"

မိုရမ်က စိတ်လောနေဟန်။ စကတည်းက လွှတ်လိုက်ဖို့ သဘောမတူခဲ့သူ မဟုတ်လား။ ဒီသတင်းကြောင့် မိုရမ် စိတ်လောနေတာက ဖြစ်သင့်ပါ၏။

သို့သော် နွမ်က ကောင်းကောင်းမွန်မွန် ရှိနေရတာလည်း ဖြစ်နိုင်ပြန်သည်။

နွမ် (Completed)Où les histoires vivent. Découvrez maintenant