Part 31 (Uni)

4.3K 244 39
                                    

အပိုင်း - ၃၁

မျိုးမင်း ဘန်ကောက် ရောက်လာပြီး လျံကို ကစားကွင်းနဲ့ လည်ပတ်စရာတွေ လိုက်ပို့ဖြစ်သည်။ လျံကတော့ မျိုးမင်းနဲ့ အတူရှိရသည့်အတွက် ပျော်နေပါ၏။ ဒီနေ့လည်း ဘန်ကောက်၏ နာမည်ကျော် Shopping Center ဖြစ်သည့် MBK ကို ရောက်နေကြသည်။ လျံက လိုချင်တာတွေကို ပူဆာလေ့မရှိသည့်ကလေး။ မျိုးမင်း ဝယ်ပေးရင်တောင် မယူချင်တာက များသည်။ ခုလည်း မျိုးမင်းက အဝတ်အစားတွေ ဝယ်စေချင်သည့်တိုင် လျံကတော့ ဘာမှ မဝယ်ပါ။

"ဦးမျိုး"

ခေါ်သံကြောင့် မျိုးမင်း အတွေးစကို ဖြတ်ရသည်။

"အာ.. လျံ .. ‌ဗိုက်ဆာလို့လား.. နေ့လည်စာ စားတော့မလား"

ထိုအခါ လျံက ခေါင်းခါပြသည်။

မျိုးမင်း လျံ၏ လက်လေးကို ဆွဲပြီး အနီးက ထိုင်ခုံမှာ ထိုင်စေလိုက်သည်။

"မစားချင်သေးဘူးလား"

"အင်း.. ဦးမျိုး .. လျံ မေးစရာရှိလို့"

လျံ၏ နဖူးပေါ်က ဆံနွယ်လေးတွေကို သပ်တင်ပေးလိုက်သည့်အခါ လျံက ငြိမ်နေရှာသည်။

"မေးလေ လျံ.. ဘာမေးချင်တာလဲ"

"ဟိုလေ.. ဦးမျိုးရဲ့ တူလေး.. ကောင်းမြတ်သော.. အဲ့အကိုက ဘယ်လိုပုံစံလဲဟင်"

ဟုတ်သည်ပဲ။ လျံက မြတ်သောနဲ့မှ မတွေ့ဖူးသေးတာလေ။

မျိုးမင်းလည်း အိမ်က ထွက်ခွာပြီးနောက် ထိုကလေးနဲ့ မတွေ့ဖြစ်ပါ။ ကြားထဲမှာ (၃) ခေါက်လောက် တွေ့ခဲ့ပေမယ့် မြတ်သောက သူ့ကို ကြိုဆိုခြင်းမရှိ။ မြတ်သော၏ စိတ်ထဲမှာတော့ မျိုးမင်းဆိုတာ မကောင်းဆိုးဝါးတစ်ကောင်သာ။

"မြတ်သောက ကိုယ်နဲ့လည်း သိပ်မရင်းနီးဘူး လျံရဲ့"

"ဟင်.. အဲ့တာဆို.. လျံတို့က သူ့အိမ်မှာ ဘယ်လိုနေကြမှာလဲ"

"ကိုယ်တို့က ဟိုတယ်မှာ ရေရှည်နေဖို့ အဆင်မပြေဘူးလေ လျံ.. အဲ့တာကြောင့် မြတ်သောဆီမှာ နေကြရမယ်"

"အကိုမြတ်သောက သဘောကျပါ့မလား"

"သူ့ရဲ့ ဖေဖေနဲ့ ပြောပြီးသားပါ လျံ.. သူကလည်း လက်ခံပါတယ်တဲ့"

နွမ် (Completed)Où les histoires vivent. Découvrez maintenant