Part 44 (Z)

870 38 1
                                    


အပိုင်း - ၄၄

ပတ္တယား - ည (၉) နာရီခန့်။

နွမ် မြို့အဝင်ရောက်တော့ ပြုံးလိုက်မိပါသည်။ သူ ရောက်လာခဲ့ပြီလေ။

နွမ်မှာ သွားစရာမရှိခဲ့။ ယောင်ချာချာနဲ့ ဘန်ကောက်ကနေ ထွက်ဖို့ စဉ်းစားရသည်။ နွမ် ဆုံးဖြတ်ခဲ့တာကတော့ ပီခေါင်ဆီ ပြန်ဖို့ပင်။ ပီခေါင် ဘယ်လို သဘောထားပါစေ။ နွမ် ပီခေါင်နားမှာ နေချင်သည်။ ဟုတ်သည်။ နွမ်၏ နှလုံးသားမှာ ပီခေါင်သာ ရှိသည်။

ထိုစိတ်နဲ့ အားတင်းရင်း လမ်းလျှောက်လာခဲ့တာပင်။ နွမ် အိပ်ချင်နေပြီ။ သို့သော် စိတ်ကို တင်းထားရပါ၏။

မြို့ထဲမှာ လူတွေစည်နေပြီ။ သို့သော် နွမ် ဘယ်သူ့ကိုမှ အကူညီမတောင်းရဲ။ နွမ် သွားလိုရာကို နွမ် အားတင်းရင်းသာ သွားရမည်။ ဒီထိတောင် လျှောက်လာခဲ့ပြီးပြီလေ။ နောက်ထပ်နည်းနည်းလောက် ထပ်လျှောက်ဖို့ အားတင်းလိုက်လျှင်ရပြီ။ နွမ် အကူညီမတောင်းရဲတာကတော့ အရင်က ကိစ္စကြောင့် နွမ် ဘယ်သူ့ကိုမှ မယုံရဲပါ။ ခုချိန် နွမ် ယုံကြည်တာ ပီခေါင်။ ပြီးတော့ Alexian က လုပ်ဖော်ကိုင်ဖက်တချို့။ သည်မျှလောက်သာ။

နွမ် မြို့ထဲ ဝင်ပြီး Alexian Show အဆောက်ဦးရှိရာ အနောက်ဖက်ဆီ ဦးတည်လိုက်သည်။ ပီခေါင်ဆီ ဆက်သွားဖို့ နွမ် အားမရှိတော့ပါ။ ထို့ကြောင့် အကူညီလိုနေပြီ။ နွမ် ဒီထိရောက်ဖို့ မနည်းအားတင်းခဲ့ရသည်။ အသက်တောင် ငွေ့ငွေ့လေးသာ ကျန်တော့သည်လေ။

Alexian ၏ ဝန်ထမ်းအဆောင်ဖက် ချိုးဝင်လိုက်ပြီး ဂျစ်၏ အခန်းဆီ ဦးတည်မိသည်။ ဒီအချိန် ပီခမ်းက အလုပ်များနေလောက်မည်ထင်သည်။ ထို့ကြောင့် နွမ် ဂျစ်ကိုသာ ရှာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

အဆောင်အစွန်းဖက်ရှိ ဂျစ် အခန်းလေးက မီးလင်းနေသည်။ ဒါဆို ဂျစ်ရှိနေသည်ပဲ။

-ဒေါက် ဒေါက်-

တံခါး ခေါက်လိုက်သည်နှင့် လာဖွင့်ပေးသည့် ဂျစ်။ နွမ်ကို မြင်တော့...

"နွမ်.. ဘာ.. ဖြစ်တာလဲ"

"ဟို.. ဂျစ်.. နွမ်.. ရေ.. ရေ သောက်ချင်တယ်"

နွမ် (Completed)Where stories live. Discover now