Part 21 (Uni)

3.6K 217 13
                                    

အပိုင်း - ၂၁

"ဘယ်လို ဖေဖေ"

မြတ်သော Laptop Screen ပေါ်မှာ မြင်နေရသည့် ဖေဖေ့ ပုံရိပ်ကြောင့် သက်ပြင်းချလိုက်သည်။ ဖေဖေ၏ မျက်နှာထားက မြတ်သောကို အယူခံဝင်နေသည့်နှယ်။ ဖေဖေက မြတ်သောနဲ့ Video ခေါ်ကာ အခြေနေကို ပြောပြနေတာပင်။ အခြေနေဆိုတာကတော့ လုပ်ငန်း အနေထား။ ဖေဖေက ဘန်ကောက်မှာ လုပ်ငန်းချဲ့ထွင်မည်။ ထိုအရာကို မြတ်သောကိုင်တွယ်ဖို့ ဒီမှာ ရောက်နေတာလေ။ ခုတော့ ဦးမျိုးကပါ လိုက်လာမယ်တဲ့လား။

"ဟုတ်တယ် သား.. သားရဲ့ ဦးမျိုးက သူကိုယ်တိုင် ဘန်ကောက်ကို တက်မယ်လို့ပြောတယ်"

"သူက ရန်ကုန်မှာ အခြေချမှာဆို.. ဘာလို့ ဘန်ကောက်ထိ လာမှာလဲ"

"သားရယ်.. သူက သားရဲ့ ဦးလေးပဲလေ.. ဘာလို့ ဒီလောက် စိမ်းကားနေရတာလဲ"

"သူကရော ဘာကိစ္စနဲ့ ဒီက လုပ်ငန်းထဲထိ ဝင်ပါချင်နေရတာလဲ"

"တကယ်တော့ ဖေဖေလုပ်ငန်းချဲ့ဖို့ သူကပဲ အကြံပေးခဲ့တာ သား"

"ဟင်.. ဘန်ကောက်မှာ လုပ်ငန်းချဲ့ဖို့ ဦးမျိုးက အကြံပေးခဲ့တာလား"

"ဟုတ်တယ်.. သား.. အဲ့တာအပြင် ငွေလည်ပတ်မှုမှာလည်း သူ့ရဲ့ ရှယ်ယာက (၅၀) ရာခိုင်နှုန်းပါတယ်"

"ဟူး.. ဒါဆိုလည်း သူ့ဘာသာ လုပ်ပါစေတော့လား.. ဖေဖေက ဘာလို့ ဝင်ပါနေရသေးတာလဲ"

"မဟုတ်သေးဘူးလေ သားရဲ့"

"ခုမှတော့ မတတ်နိုင်တော့ဘူးပေါ့ ဖေဖေ.. သူက ဘယ်တော့ လာမယ်ပြောလဲ"

"အစကတော့ သူ မသွားဘူးလို့ ပြောတာပဲ.. ခုမှ သူကိုယ်တိုင် လိုက်သွားမှာလို့ အသိပေးလာတာ.. ဘာလို့လဲတော့ မသိဘူး သား.. နောက်လထဲလောက် သူ သွားမယ် ထင်တယ်"

"နောက်လ.."

"အင်း.. လျံလေးက သင်တန်းတက်နေလို့တဲ့.. လျံရဲ့ သင်တန်းချိန်နဲ့ ညှိပြီး သူ လိုက်သွားမယ်လို့ ပြောတယ်"

မြတ်သော ဆံပင်တွေထဲ လက်ထည့်ဖွသည်။ ဦးမျိုးက တကယ်ကို စိတ်ရှုပ်စရာကောင်းလှပါ၏။

"ဆိုလိုတာကတော့ အဲ့ကလေးပါ ဒီထိ ပါလာမယ်ပေါ့လေ"

"ဟုတ်တယ်.. လျံကိုလည်း ဘန်ကောက်မှာ လည်စေချင်လို့ဆိုပြီး ပြောတာပဲ"

နွမ် (Completed)Tempat cerita menjadi hidup. Temukan sekarang