Part 12 (Uni)

6K 238 14
                                    

အပိုင်း - ၁၂

ပီခေါင်ဆီက လျှောက်လည်ချင်သည်ဆိုတာကြောင့် နွမ် Nong Nooch Gardenကို ရွေးလိုက်သည်။ ထိုနေရာလေးဆီ နွမ် မရောက်ဖူးသေး။ Social ပေါ်မှာသာ မြင်နေရသည့် ပန်းခြံလေး။ ထို့ကြောင့် ထိုပန်းခြံလေးအား နွမ် ရွေးလိုက်ပါ၏။

နွမ် မြန်မာကနေ ထွက်လာပြီး ဒီကိုရောက်ကတည်းက ရုန်းကန်ခဲ့ရသည်။ ဖြတ်သန်းခဲ့ရတာတွေကလည်း အိပ်မက်ဆိုးလိုပင်။ ထို့ကြောင့် လည်ပတ်ဖူးတာမရှိ။ နာမည်ကျော်နေရာတွေကို နွမ် သိနေသည့်တိုင် သွားရောက် လည်ပတ်နိုင်ခြင်းမရှိခဲ့။

"နွမ်.. Nong Nooch ကို မရောက်ဖူးသေးဘူးလား"

ပီခါင်က ကားမောင်းနေရင်း မေးတာ ဖြစ်သည်။ ထို့ကြောင့် နွမ် ပြန် ဖြေရပါသည်။

"အွန်း.. မလည်ဖူးသေးဘူး.. ပိတ်ရက်တွေလည်မယ်ဆိုပြီး အဖော်မရှိတာနဲ့ မလည်ဖြစ်သေးတာပါ"

"အခုတော့ ကိုယ်နဲ့ လည်ချင်တယ်ဆိုပါတော့"

"ပီခေါင်ရော ရောက်ဖူးပြီးပြီလား"

"ဟင့်အင်း.. ကိုယ်လည်း မရောက်ဖူးသေးဘူး နွမ်"

ခေါင်နွံလာ့စကားကြောင့် ခေါင်နွံလာ့ဖက်လှည့်ပြီး ကြည့်လာသည့် နွမ်။ မျက်ဝန်းလေးတွေကတော့ အံ့ဩမှုအပြည့်။

"ဘာလို့ မရောက်ဖူးတာလဲ"

"ကိုယ်က အလုပ်ကိစ္စတွေနဲ့ပဲ ရှုပ်နေတာလေ နွမ်.. အဲ့လိုတွေ မလည်ဖြစ်ဘူး"

"ဒါဆို အဲ့လို လည်ရတာရော ကြိုက်လား"

"ကိုယ် တစ်ယောက်တည်းဆိုရင်တော့ မလည်ချင်ဘူး.. နွမ် နဲ့ဆိုတော့ လည်ချင်လာတာလေ"

နွမ်က ဆံပင်လေးတွေကို လက်လေးနဲ့ ဖွနေသည်။ ခါတိုင်းလိုပင် ရှပ်မိုးပြာလက်ရှည်လေးကို တံတောင်ထိ ခေါက်တင်ပြီး ဝတ်ထားသည့် နွမ်က ချစ်စရာအလွန်ကောင်းပါ၏။

"အွန်း.. ဒါနဲ့လေ.. မေးကြည့်ချင်လို့"

"မေးလေ နွမ်.. ဘာမေးချင်လို့လဲ"

နွမ်က တည့်တည့်ထိုင်နေရာမှ တင်ပါးလေး နည်းနည်းစောင်းပြီး ခေါင်နွံလာ့ဖက် လှည့်လာသည်။

နွမ် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ