Part 51 (Uni)

3K 280 21
                                    

 အပိုင်း - ၅၁

ဒီ (၃) ပတ်လောက်အတွင်းမှာပင် နွမ်အတွက် အများကြီး ပြောင်းလဲသွားခဲ့သည်။ ဦမျိုးက လျံကို ဖျောင်းဖျပြီး နွမ်နဲ့ တွေ့စေခဲ့ပါ၏။ အစကတော့ လျံက နွမ် အပေါ် ခပ်စိမ်းစိမ်း။ သို့သော် (၃) ရက် တစ်ခေါက် တွေ့ပေးသည့် ဦးမျိုးကြောင့် (၃) ခါလောက်တွေ့ အပြီးမှာပင် လျံက နွမ်နဲ့ ပြန်လည် ရင်းနီးသွားခဲ့သည်။ အရင်ကအကြောင်းတွေကို မမှတ်မိသည့်တိုင် သွေးကစကားပြောပါသည်။ ထို့ကြောင့် နွမ်နဲ့ လျံ၏ ဆက်ဆံရေးက အတော်လေး ကောင်းမွန်နေပြီ။ ပီခေါင်ကလည်း လျံနဲ့နွမ် တွေ့ကြလျှင် ကြည်ဖြူပါသည်။

ပီခေါင်ကလည်း နွမ်တို့ တွေ့ကြတာကို သဘောကျသည်။ နဂိုကတည်းက နွမ်တို့ ညီအကိုကို ပြန်ဆုံစေချင်သူ မဟုတ်ပါလား။

ဦးမျိုးက ဘန်ကောက်မှာ ကွန်ဒိုတစ်ခန်းဝယ်ပြီး လျံနဲ့အတူ နေထိုင်သည်။ လျံကလည်း ဘန်ကောက်မှာ ကျောင်းဆက်တက်ဖို့ ပြင်ဆင်သည်။ အခုတော့ အရာအားလုံးဟာ နေသားတကျ။ နွမ် ဒီလိုဖြတ်သန်းရတာကို သဘောကျပါသည်။ နွမ် လိုချင်ခဲ့သော အေးချမ်းသည့် နေ့ရက်တွေပင်။

ပီခေါင်ကတော့ ရက်ပိုင်းလေးအတွင်းမှာပင် နွမ်ကို သည်းသည်းလှုပ်တာ ပိုတိုးလာပါသည်။

ဒီနေ့တော့ ဦးမျိုးနဲ့ လျံတို့ အိမ်ကို အလည်ရောက်နေကြပါ၏။ ဒီနေ့ ဦးမျိုးနဲ့လျံ ညအိပ်မည်ဆိုသည့်အတွက် ခြံထဲမှာ ညစာစားဖို့ ပြင်ဆင်နေကြလေသည်။

မီးဖိုထဲမှာ အသားနယ်နေသည့် နွမ်။

"နွမ်"

လှည့်ကြည့်လိုက်သည့်အခါ ဦးမျိုး။

"အာ.. ဦးမျိုး.. ဘာလို့လို့လဲ"

"မလိုတော့ပါဘူး .. နွမ်.. ပြောစရာရှိလို့ပါ"

"ဟုတ်ကဲ့"

နွမ် လုပ်လက်စကို ရပ်ပြီး လက်ဆေးရသည်။ ထို့နောက် ခုံလေးမှာ ထိုင်လိုက်ရပါသည်။ ဦးမျိုးလည်း ဝင်ထိုင်ပြီး သက်ပြင်းချသည်။ မီးဖိုခန်းထဲ နွမ်သာ ရှိနေသည်မို့ တမင်ရောက်လာပုံပင်။ ပြောရခက်နေပုံရသည့် ဦးမျိုးကြောင့် နွမ်ကပင် စကားစ'ပေးရသည်။

နွမ် (Completed)Where stories live. Discover now