Part 57 (Uni)

1K 120 18
                                    

အပိုင်း - ၅၇

(ကမ္ဘာတစ်ခုလုံးအား ပိုင်ဆိုင်ရခြင်း)

ထိုင်းနိုင်ငံ ပတ္တယားမြို့လေးမှာ ကျင်းပနေသည့် မင်္ဂလာပွဲ။ ခန်းမတစ်ခုလုံးမှာ Forget Me Not ပန်းပြာပြာလေးတွေ ဆင်ထားပြီး လျှောက်လမ်းနဲ့ အပြင်အဆင်တွေအားလုံးက အပြာရောင်နုနုလေးတွေချည်း။ မြင်ရသူတိုင်း ရင်အေးစေသည့် အပြင်အဆင်။ ထည်ဝါခမ်းနားမှု ထက် အေးချမ်းမှုကိုသာ ဖော်ဆောင်နေသည့် နေရာလေး။ Classic သံစဉ်ငြိမ့်ငြိမ့်လေးက ပျံ့လွင့်လျှက်။ တက်ရောက်လာသူတွေကတော့ အတော်လေးများသည်။ ကြည့်လိုက်တာနဲ့ မိတ်ဆွေများမှန်း သိသာလှပါ၏။ ထို့ကြောင့်လည်း စားပွဲတွေက ဝိုင်းပေါင်း (၁၅၀၀) တိတိ ခင်းကျင်းထားတာပင်။

သတို့သားနှစ်ယောက်လုံးက အပြာနုရောင် အနောက်တိုင်းကုတ်ဆင်တူအား ဝတ်ဆင်ထားကြသည်။ ဆံပင်ကျောလည်နီးနီးရှိသည့် သတို့သားလေး၏ လက်မှာတော့ Forget Me Not ပန်းစည်းလေးကိုင်ထားလေသည်။ ထိုကောင်လေးကတော့ လူတွေအားလုံးထဲ ထင်ပေါ်ပြီး အလှဆုံးလေးဖြစ်နေပါ၏။ မိတ်ကပ်ကူစရာမလိုသည့် အလှတရားနဲ့ ထိုကောင်လေး။

လာရောက်ကြသည့် ဧည့်ပရိသတ်တွေအားလုံး အပြုံးကိုယ်စီနဲ့။ လိုက်ပြီး ဧည့်ခံနေကြသည့် သတို့သား နှစ်ယောက်လုံးကလည်း မမောမပန်းနိုင်ကြ။

"ပီခေါင်.. ဝမ်းသာတယ်ဗျာ"

လာရောက်ကြသည့် ဧည့်သည်ထဲက တစ်ယောက်။

"တက်ရောက်ပေးတာ ကျေးဇူးပါပဲဗျာ"

"မဟုတ်တာ.. ပီခေါင် ဖိတ်စာမပို့လည်း လာမလို့ပဲ.. ဟား.. ဟား"

ပီခေါင်က နွမ်ကို ကြည့်လာခဲ့ပြီး..။

"မိတ်ဆက်ပေးမယ်.. နွမ်.. ဒါက ဆမ်တဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်လေ.. ဆမ်.. သူက ကိုယ့်အမျိုးသားလေး နွမ်.. နွမ်ခွန်းထံတဲ့... မြန်မာနိုင်ငံသားလေးလေ.. လှတယ်မလား"

"ဟုတ်ကဲ့.. နွမ်ခွန်းထံပါ.. တွေ့ရတာ ဝမ်းသာပါတယ်"

နွမ် လက်လေး ကမ်းပေးရပါသည်။

"ပီခေါင်ရဲ့အသည်းကို ခြွေထားတဲ့ အလှလေးပေါ့.. တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"

နွမ် (Completed)Tempat cerita menjadi hidup. Temukan sekarang