Part 1 (Uni)

15.4K 524 47
                                    

အပိုင်း - ၁

-ဒုန်း-

-ဝုန်း-

ဆင့်တိုက်ချလိုက်သည့် ကားတိုက်သံ။

ထိုင်းနိုင်ငံ Pattaya မြို့လေး၏ မြို့ပြင်ကွေ့လေးမှာ အသံတွေ ဆူညံသွားသည်။

မြို့ပြင်မို့ ကားက (၅) စီးဆင့်သာ တိုက်မိတာဖြစ်သည်။ မြို့ထဲဆိုလျှင်တော့ မတွေးဝံ့စရာ။ ဆင့်တိုက်ထားသည့် ကား (၅) စီးမှာ အရှေ့ဆုံးကားလေးက BMW အမျိုးစားလေး။ နောက်မှာ ကုန်တင်ကား ရှိပြီး နောက် နှစ်စီးကတော့ ပုံမှန် အိမ်စီးကားလေးနှစ်စီး။ နောက်ဆုံးတစ်စီးကတော့ ဂျာမနီနိုင်ငံထုတ် Audi အမျိုးစားကားလေး။ ဆင့်တိုက်ထားကြသည့်အနက် ကုန်တင်ကားကလွဲလို့ ကျန် (၄) စီးမှာ ကြေမွနေပြီ။

လှပလွန်းသည့် ပင်လယ်ကြီးနောက်ခံနဲ့ မြို့ပြင်လမ်းလေးမှာ ထိုမြင်ကွင်းကတော့ ကြည့်လို့မကောင်းလှ။

-ဝီး ဝေါ် ဝီး ဝေါ် ဝီး ဝေါ်-

မကြာခင်မှာပင် ရောက်လာကြသည့် ဆေးရုံကားနဲ့ ရဲကားတွေ။ တာဝန်ရှိသူတွေက ထိုနေရာလေးကို Police Line တားပြီး လမ်းကြောရှင်းလိုက်ကြသည်။ ပြီးမှ ကယ်ဆယ်ရေး စလုပ်ကြရ၏။

"လူနာတွေကို သေချာလေးသယ်ကြ"

"တံခါးကို ရိုက်ဖွင့်ရမယ်"

"လူတွေအကုန် အသက်ရှင်ကြတယ်"

"လက်ရှိမှာ သေဆုံးသူမရှိဘူး"

"ဆေးရုံပို့ဖို့ပြင်.. ဒီလူနာက အောက်ဆီဂျင်ကျနေပြီ"

"သူ့ကို သယ်လာခဲ့"

"ဒီဖက်.. ဒီဖက်"

"ဒီဖက်ကို ရှင်းဖို့ လူတွေကူကြဦး"

"ဟိုဖက်က အခြေနေကောင်းရဲ့လား"

"ဒီကားကတော့ ရှင်းတယ်.. လူနာလည်း အဆင်ပြေတယ်"

"လူနာ.. သတိထား.. ဒီကိုကြည့်.. မြင်ရလား"

လူမှုကယ်ဆယ်ရေးဝန်ထမ်းတွေ ဆေးရုံဝန်ထမ်းတွေနှင့် တာဝန်ရှိသူတွေ အလုပ်ရှုပ်နေကြသည်။ ထိခိုက်သူတွေကို ကယ်ဆယ်ဖို့ လျှင်လျှင်မြန်မြန်လုပ်ဆောင်နေကြရ၏။

ထိုင်နိုင်ငံ၊ ပတ္တရားကမ်းခြေမြို့လေး။

ဘာလိုလိုရသည့် ဒီကမ်းခြေမြို့လေးက သာယာလှပသည်။ နိုင်ငံခြားသားတို့ ပျော်စံရာ ဒီမြို့လေး။ Night Life, Bar, Club အစုံရှိပြီး ပျော်စရာအကုန်ရသည့်မြို့။ ငွေရှိဖို့သာလိုသည်။ လိုချင်တာ အားလုံးရသည်။ ပျော်ချင်လား။ ငွေသာယူခဲ့။ လိုချင်တာရမည်။ Guest House ကစလို့ ကြယ်ငါးပွင့်အဆင့်ဟိုတယ်တွေ၊ Shopping Mall တွေနဲ့ လည်ပတ်စရာလည်း စုံလင်လှသည့် မြို့လေး။

နွမ် (Completed)Donde viven las historias. Descúbrelo ahora