Part 37 (Uni)

3.1K 278 57
                                    

အပိုင်း - ၃၇

အကို့ ကွန်ဒိုအခန်းက အတော်လေး ကျယ်ပါသည်။ ကွန်ဒိုက နေရာကောင်းမှာတည်ရှိသည့်အတွက် ဘန်ကောက်ရှုခင်းကို ကောင်းစွာ မြင်နေရပါ၏။ အကိုက ဒီအသက်ရွယ်နဲ့ ဒီလိုပိုင်ဆိုင်မှုမျိုးကို လက်ကိုင်ထားနိုင်သည်တဲ့လေ။ နွမ် အားကျရလေခြင်း။ ရုပ်ရည်၊ ပညာ၊ ဥစ္စာ ဘာတစ်ခုမှ ချို့ယွင်းချက်မရှိ။

နွမ် ထိုင်းနိုင်ငံကို ရောက်လာတော့ ပတ္တယားကို တန်းဆင်းခဲ့ရတာ ဖြစ်ပါ၏။ ထို့ကြောင့် ဘန်ကောက်နဲ့ သိပ်ပြီး ရင်းနီးမှုမရှိလှပါ။ ဘန်ကောက်၏ အထင်ကရနေရာတွေကိုတောင် နွမ် သိပ်ပြီး မသိသေး။ ပတ္တယားကိုတော့ နွမ် အတော်လေး နှံ့စပ်နေခဲ့ပြီ။

ဘန်ကောက်ကို ရောက်လာရတယ်ဆိုတာလည်း အကို့ကြောင့်သာ ဖြစ်ပါ၏။ အကိုနဲ့အတူ ဘဝတစ်ခုကို တည်ထောင်ချင်တာကြောင့်၊ အရင်ကိစ္စတွေကို မေ့လိုက်ချင်တာကြောင့်ပင်။ နွမ် လောဘမကြီးပါ။ နွမ် လိုချင်တာက သာယာပျော်ရွှင်ရသည့် နေ့ရက်တွေသာ။ ကျန်တာတွေ မမက်မောလှပါ။

"အကို"

နွမ် ခေါ်လိုက်တော့ အကိုက လှည့်ကြည့်လာပါသည်။

"အင်း.. ပြောလေ"

"ဟို.. နွမ် ရေဆာလို့"

"အာ.. ဟုတ်သားပဲ.. ဆိုဖာမှာ ခဏထိုင်လေ.. ကိုယ် ယူလာပေးမယ်"

"ဟုတ်ကဲ့"

နွမ် ဧည့်ခန်းက ဆိုဖာလေးမှာ ထိုင်ရသည်။

ခဏအကြာ အကိုက ရေဘူးလေးကိုင်ပြီး ထွက်လာလေသည်။

"ရော့ နွမ်"

ရေဘူးလေးအား ကမ်းပေးလာသည့် အကို။

နွမ် လှမ်းယူပြီး အဖုံးဖွင့်ကာ အငမ်းမရသောက်မိပါသည်။ အခုမှသာ ရင်ထဲ နေရထိုင်ရကောင်းသွားသလို။ တစ်လမ်းလုံး ရေဆာတာကြောင့် ရင်တွေတုန်ရသည့်အထိ။

အကိုက နွမ်၏ ရှေ့မှာ ဝင်ထိုင်သည်။

"အစကတော့ ဒီကွန်ဒိုကို ပြင်ဖို့ စိတ်ကူးမရှိဘူး.. ဒါပေမယ့် ကိုယ် နည်းနည်းလေး ပြင်လိုက်တယ်"

"ဟုတ်ကဲ့"

အကို စပြောသည့် စကားကို နွမ် သိပ်နားမလည်ပါ။ အကိုက နွမ်ကို ပြုံးပြပြီး စကားဆက်သည်။

နွမ် (Completed)Where stories live. Discover now