Part 15 (Uni)

4.3K 233 17
                                    

အပိုင်း - ၁၅

ကြယ်သီးတွေ ဖြုတ်ပြီးနောက် ပေါ်ထွက်လာသည့် တက်တူး။ တိကျပြတ်သားစွာ ထိုးထားသည့် တက်တူးရုပ်ပုံ။ လှပလွန်းသည့် လက်ရာ။ အသက်ဝင်လှသည့် မျက်နှာ တစောင်းပုံ။ ရုတ်တရက်ကြည့်လျှင် ကောင်မလေးတစ်ယောက်ဟု ထင်ရသော်ငြား တကယ်တော့ ကောင်လေးတစ်ယောက်၏ ရုပ်ပုံဖြစ်ပါသည်။

တက်တူးအနေထားအရ ဒီတက်တူးက လောလောလတ်လတ်မှာ ထိုးထားသည့် တက်တူးမဟုတ်။ နွမ်၏ ခန္ဓာကိုယ်ပေါ်မှာလည်း တက်တူးရှိသည့်အတွက် တက်တူးအနေထားကို နွမ် နားလည်သည်။ ဘယ်လောက်ကောင်းသည့် ဆေးသားဖြစ်ဖြစ် အချိန်ကြာလျှင်တော့ အသားပေါ်က ဆေးမှာ သက်ရောက်မှု ရှိတတ်သည်။ ထိုးထားသည့် ဆေးသားအနေထားအရ ထိုတက်တူးက အသစ်တော့မဟုတ်။

"ပီခေါင်.. ဒီ.. ဒီတက်တူးက.."

ခေါင်နွံလာ့ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။

"မြင်သွားပြီပေါ့ နွမ်"

နွမ်က လက်လေးတွေကို ဆုပ်ချေနေသည်။

ခေါင်နွံလာ့ အင်္ကျီကြယ်သီးတွေကို ပြန်တပ်လိုက်ပါသည်။ နွမ် ဘာပြောမလဲ စောင့်စားနေရပါ၏။

ခဏကြာမှ နွမ်ဆီက ထွက်ပေါ်လာသည့် အသံတိုးတိုးလေး။

"ပီခေါင်ရဲ့ ကောင်လေးက နွမ်နဲ့.. တကယ်တူတာပဲ.. သူလည်း ဆံပင်အရှည်ကြီးနဲ့နော်.. နွမ်လိုပဲ .. လှိုင်းတွန့် ဆံနွယ်.. တွေ .. လည်း.. ရှိတယ်"

ခေါင်နွံလာ့ ခေါင်းခါမိသည်။ ဒါက နွမ်လေ'ဟု ရင်ထဲက အော်နေမိသည့်တိုင် စကားသံတွေက အပြင်ကို ထွက်မလာပါ။

ခေါင်နွံလာ့ နွမ်၏ ပခုံးလေးကို ကိုင်မည်အပြု နွမ်က ကိုယ်လေးကို ယို့ပြီး ရှောင်သည်။

"နွမ်.."

မော့ကြည့်လာသည့် နွမ်၏ မျက်ဝန်းမှာ မျက်ရည်အပြည့်။

"ပီခေါင်.. ဘာလို့ သူများတွေနဲ့ မတူဘူးလဲ ဆိုတာ.. နွမ် သိသွားပြီ"

"နွမ်.. မဟုတ်ဘူး... မဟုတ်ဘူး .. ကိုယ် ရှင်းပြပါ့မယ်"

နွမ် နားတွေပိတ်ပြီး ခေါင်းခါလိုက်သည်။

နွမ် (Completed)Donde viven las historias. Descúbrelo ahora