Part 24 (Uni)

3.3K 163 19
                                    

အပိုင်း - ၂၄

ပီခေါင်က Coral Island ခရီးစဉ်အတွက် ကိုယ်ပိုင် Speed Boat ဖြင့် စီစဉ်ထားတာဖြစ်ပါ၏။

Speed Boat လာမကြိုမီ နွမ်က ကမ်းခြေမှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေရှာသည်။ ခေါင်နွံလာ့ကတော့ နွမ်ကို ကြည့်ရင်းသာ ပြုံးနေရသူ။ နွမ် ပျော်နေလျှင် သူလည်း ပျော်သည်။ နွမ်ကို ပျော်အောင်ထားချင်သည်။ ဒီကောင်လေး ပျော်နေရင် ဘာပဲ လုပ်ရလုပ်ရ တန်သည်။ နွမ်ဆိုသည့် လူသားလေးက ခေါင်နွံလာ့၏ နှလုံးသားကို ရာနှုန်းပြည့် ဆုပ်ကိုင်လှုပ်ခတ်နိုင်သူ။

"ပီခေါင်.. ဒီပုံလှလား"

နွမ်က ဖုန်းထဲမှ ပုံလေးတစ်ပုံကို လာပြသည်။ နွမ် ရိုက်ထားတာက ပတ္တယားကမ်းခြေဖက်ကို လှည့်ရိုက်ထားတာဖြစ်သည်။ ပုံလေးက ခပ်ကွေးကွေးကမ်းခြေပေါ်မှာ ဆောက်လုပ်ထားသည့် အဆောက်အဦးတွေ။ နွမ်က ကင်မရာ အယူဆတွေ နားလည်ပုံရသည်။ ပုံထွက် အတော်လှပြီး သဘာဝကျပါ၏။

"အင်း လှတယ်.. နွမ်က ရှုခင်းပုံတွေ ရိုက်ရတာ သဘောကျလို့လား"

"အွန်း.. ဟုတ်တယ်.. ပြန်ကြည့်လိုက်ရင် စိတ်ကြည်စေတယ်လေ.. ရှုခင်း လှလှလေးတွေပေါ့.. အမြဲတော့ မရိုက်ဖြစ်ပါဘူး"

"ဟုတ်လား.. သဘောကျရင် ခဏခဏ လုပ်လေ နွမ်ရဲ့"

"နောက်ဆို အဲ့လိုလုပ်ပါ့မယ်"

"အင်း.. ဖိနပ်မချွတ်နဲ့နော် နွမ်.. ကမ်းခြေသဲက ကြမ်းတယ်"

ကမ်းခြေသဲတွေက ကြမ်းတာကြောင့် နွမ်ကို ဖိနပ်မချွတ်စေလိုပါ။ နွမ်၏ ခြေထောက်တွေက နုနုလေးတွေ မဟုတ်လား။

"အွန်း ခဏနော်.. နည်းနည်းလောက် ထပ်ရိုက်ဦးမယ်.. ဒါလေးတွေက သိပ်မလှသေးဘူး.. Speed Boat လာရင် စောင့်ခိုင်းပေးနော် ပီခေါင်"

"ရတယ်.. နွမ် ကြိုက်သလောက် ရိုက်နော်"

"အွန်း"

ထို့နောက် နွမ်က ကမ်းခြေဖက်ဆီ ပြန်ဆင်းသွားပါသည်။

ခေါင်နွံလာ့ ဆံပင်ထဲ လက်ထည့်ဖွလိုက်သည်။ ထိုစဉ် ရောက်လာသူက မိုရမ်။ မိုရမ်လည်း Coral ကို လိုက်မည်လေ။

နွမ် (Completed)Donde viven las historias. Descúbrelo ahora