Part 46 (Uni)

3.5K 268 33
                                    

အပိုင်း - ၄၆

မြတ်သော ဘေစင်မှာ လက်ထောက်ရင်း မှန်ထဲကကိုယ့်မျက်နှာကိုယ် ကြည့်လိုက်သည်။ နဖူးပေါ်က ပလာစတာလေး မြင်မိတော့ နှုတ်ခမ်းတို့က ကွေးတက်သွားကြပြန်သည်။ နွမ် ပေးခဲ့သည့် လက်ဆောင်လေး။ နွမ်ကို အရမယူနိုင်ခဲ့။ သို့သော် နွမ်ဆီကလက်ဆောင်ကတော့ ကျန်ခဲ့လေသည်။

ရေချိုး အဝတ်စားလဲပြီး မြတ်သော ထွက်လာချိန် ဦးမျိုးက ဧည့်ခန်းရှိ ဆိုဖာမှာ ထိုင်နေပါ၏။ ကြည့်ရတာ အပြင်မထွက်သည့်ပုံ။

မြတ်သောကို မြင်တော့ ပြုံးပြသည်။

"မြတ်သော.. အားရင် ဦးမျိုးနဲ့ စကားနည်းနည်းပြောရအောင်"

ဦးမျိုးက စိတ်ရှုတ်စရာကောင်းသည်။ သို့သော် မြတ်သော ဝင်ထိုင်လိုက်မိပါ၏။

"ပြောလေ.. ဟိုကောင်လေးရော"

"လျံက အိပ်နေတယ်.. မနေ့ကတည်းက သိပ်နေမကောင်းဘူးဆိုလို့ ဆေးတိုက်လိုက်တာ အိပ်သွားပြီ"

"အင်း.. ကျွန်တော့်ကို ဘာပြောမလို့လဲ"

"အချိန်ရလား"

"ရပါတယ်.. ကျွန်တော် ကိုဟိန်းနဲ့ ချိန်းထားတာတစ်ခုတော့ ရှိတယ်.. အဲ့ကလည်း ညနေမှပါ"

"အင်း.. ဒါဆို စကားအေးဆေးပြောကြတာပေါ့"

"အလုပ်ကိစ္စတွေလား.. အဲ့တာဆိုရင်တော့ ဖေဖေနဲ့ပဲ ပြောလိုက်ပါ.. ကျွန်တော်က ဖေဖေဆီ့က ညွှန်ကြားချက်နဲ့ပဲ အလုပ်လုပ်တယ်"

"အလုပ်ကိစ္စမဟုတ်ဘူး မြတ်သော.. မင်း သိသင့်ပြီဖြစ်တဲ့ အကြောင်းအရာတစ်ခုကို ပြောပြချင်တာ"

မြတ်သောက မျိုးမင်းကို နားမလည်နိုင်သလို ကြည့်လာခဲ့သည်။

"ကျွန်တော်သိသင့်တယ်.. ဟုတ်လား.. စိတ်ဝင်စားစရာပဲ.. ဘာများလဲ"

"အတိတ်က အကြောင်းအရာ.. ဒါတွေအားလုံးရဲ့ အစက မင်းဆိုတဲ့ အကြောင်း"

"ဦးမျိုး ဘာတွေ ပြောနေတာလဲ"

"နားထောင်လိုက်ရင် ရှင်းသွားမှာပါ မြတ်သော.. ဒါပေမယ့် စိတ်ကိုတော့ ပြင်ဆင်ထား"

"စကားတွေ ပလ္လင်ခံနေလိုက်တာဗျာ.. ဘာကိစ္စမို့ ဒီလောက်ထိ အရှိန်ယူနေရတာလဲ.. ဦးမျိုးနဲ့ မတူသလိုပဲ"

နွမ် (Completed)Место, где живут истории. Откройте их для себя