Part 28 (Z)

876 27 0
                                    

အပိုင်း - ၂၈

"နွမ်ရဲ့ အလုပ်ရှင် !!"

ခေါင်နွံလာ့ကို ကြည့်ပြီး မြတ်သောက အံ့ဩနေလေဟန်။

နွမ်က မြတ်သော ပြောလာသည့်စကားတွေအား ခေါင်နွံလာ့ထံ ရင်ဖွင့်ခဲ့ပါ၏။ အစကတော့ ခေါင်နွံလာ့ မြတ်သောနဲ့ တွေ့ဖို့ အစီစဉ်မရှိသေး။ အခုတော့ တွေ့ရပြီ။

မြတ်သောက နွမ်နဲ့ တွဲချင်သည်တဲ့။ အတိကျဆိုရလျှင်တော့ တွဲကြည့်ချင်သည်။ နွမ်က ဒွိဟ ဖြစ်နေပြီး မဆုံးဖြတ်ရဲ။ နွမ် ဘာလို့ တွေဝေနေရလဲတော့ ခေါင်နွံလာ့ သိပြီးသားပါ။

"ဟုတ်ပါတယ်"

ခေါင်နွံလာ့ ရောက်ရှိနေရာနေရာက မြတ်သော တည်းခိုသည့် ဟိုတယ်၏ Dining Room မှာ ဖြစ်ပါ၏။ ညစာစားရင်း စကားပြောဖို့ ချိန်းဆိုလိုက်သည့်အခါ မြတ်သောက ဒီနေရာကိုသာ ချိန်းဆိုခဲ့သည်။

ခုကတော့ ညစာစားပြီးပြီ။ ဝိုင်သောက်ရင်း စကားပြောကြမည့်အချိန်။

"ဒါဆို အတော်ပဲပေါ့.. နွမ်ရဲ့ အလုပ်စာချုပ်ကို ဖျက်ပေးလို့ရမလား"

ခေါင်နွံလာ့ ပြုံးလိုက်မိသည်။ မြတ်သောက လိုချင်တာကို ဒဲ့ပြောတတ်ပုံရသည်။ ခေါင်နွံလာ့က နွမ်၏ အလုပ်ရှင် ဆိုတာနဲ့ အလုပ်စာချုပ်ဖျက်ပေးဖို့ ဆိုလာခဲ့သည်။

"နွမ်က လက်ခံပါ့မလား"

မြတ်သောက ဝိုင်ကလပ်ကို လှုပ်ကာ တစ်ငုံကို သောက်လိုက်ပါ၏။

"ဘာလို့ ဒီလိုပြောရတာလဲ"

"နွမ် အလုပ်လုပ်နေတာ ဘာလို့လဲဆိုတာ နွမ်ကို မေးဖူးလား"

"မေးဖူးပါတယ်"

"သူ.. ဘာပြန်ပြောလဲ.. ဘာလို့ အလုပ်လုပ်နေတာတဲ့လဲ"

"ပိုက်ဆံရှာပြီး မြန်မာကို ပြန်မလို့တဲ့.. သူ့ ညီလေးကို ရှာချင်တယ်လို့လည်း ပြောဖူးတယ်"

"မဆိုးပါဘူး နွမ်က မင်းကို တော်တော်လေး ပြောပြထားတာပဲ"

မြတ်သော၏ အမူရာက စိတ်လှုပ်ရှားနေတာမျိုးမရှိ။ တည်တည်ငြိမ်ငြိမ်ပင်။

"ဒီတော့ .. နွမ်ကို ပေးလိုက်လို့ရမလား"

"အဟင်း.. ကိုယ်က နွမ်ကို မပိုင်ပါဘူး မြတ်သော"

နွမ် (Completed)Where stories live. Discover now