Part 10 (Uni)

5.7K 240 16
                                    

အပိုင်း - ၁၀

မျိုးမင်း ရန်ကုန်ကို ခြေချလိုက်တာနဲ့ ရန်ကုန်လေထုက ကြိုဆိုသည်။ မထိတွေ့ရတာကြာပြီဖြစ်သည့် ဒီအငွေ့အသက်။

သူ့နာမည်က မျိုးမင်း။ ရန်ကုန်မှာ မွေး၊ ရန်ကုန်မှာ ကြီးခဲ့သည်။ သို့သော် အသက် (၂၀) လောက်ကတည်းက ရန်ကုန်ကို စွန့်ပြီး ရှမ်းပြည်ဖက်မှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်ခဲ့သူ။ အကိုဖြစ်သူ မြတ်မင်းက ဒယ်ဒီနဲ့မာမီတို့၏ သားအရင်းဖြစ်ကာ မျိုးမင်းကတော့ ဒယ်ဒီ အပြင်မှာ ရခဲ့သည့် သား။ ထို့ကြောင့် မိသားစုမှာ မျိုးမင်းအတွက် နေစရာမရှိခဲ့။

မျိုးမင်း နေထိုင်ခဲ့ရာက ရှမ်းပြည်အရှေ့ပိုင်း နယ်မြို့လေးဖြစ်သည့် မိုင်းဆတ်။ နယ်မြို့လေးဆိုသည်တိုင် အစစအရာရာ တိုးတက်နေသည့် နေရာလေး။ ထိုမြို့လေးကို မခွဲချင်လည်း ခွဲခဲ့ရပြီ။ အကြောင်းရင်းရှိလာသည့်အခါ မျိုးမင်း ရန်ကုန်မြေကို ပြန်လည် ခြေချရပြီ။

"ဦးမျိုး"

လက်ကို တွယ်ချိတ်လာသည့် ကောင်ငယ်လေး။ ထို့ကြောင့် အတွေးစတို့ ပြတ်တောက်သွားရသည်။

"အင်း.. ရန်ကုန်ရောက်တော့ ပျော်လား လျံ"

"လျံက ဦးမျိုးနဲ့ဆိုရင် ဘယ်နေရာဖြစ်ဖြစ်ရတယ်"

"အေးပါကွာ.. ရန်ကုန်က မိုင်းဆတ်လိုတော့ အေးမှာမဟုတ်ဘူး.. ပူလိမ့်မယ်.. ဖြစ်တယ်မလား"

"ဖြစ်ပါတယ် ဦးမျိုးရဲ့"

"နောက်တော့ နေသားကျလာမှာပါ"

"ဦးမျိုးရှိရင် ဖြစ်ပါတယ်ဆိုဗျာ"

"ဟုတ်ပါပြီတဲ့ဗျာ"

ကျွန်တော့်နာမည်က လျံ။ အပြည့်အစုံတော့ ကျွန်တော်မသိ။ ကျွန်တော့်သိတာ ကျွန်တော်ချစ်ရသည့် ဦးမျိုးဆိုသည့် လူသားကြီး။ ဦးမျိုးက လျံထက် အသက် ထက်ဝက်လောက်ကြီးသည်။ လျံက (၁၈) နှစ်။ ဦးမျိုးကတော့ (၃၆) နှစ်ရှိပြီ။ သို့သော် ဦးမျိုးက (၃၆) နှစ်လို့ မထင်ရအောင် နုပျိုပါ၏။

"ဗိုက်ဆာနေပြီလား.. လေဆိပ်မှာ တစ်ခုခုစားဦးမလား လျံ"

"မစားတော့ပါဘူး .. လျံ အိမ်မှာပဲ နားချင်ပြီ"

နွမ် (Completed)Onde histórias criam vida. Descubra agora