Part 43 (Uni)

3.1K 318 53
                                    

အပိုင်း - ၄၃

မြတ်သော ခေါင်းတွေ တဆစ်ဆစ်ကိုက်ခဲနေသည်။ ဘာတွေ ဖြစ်နေပါလိမ့်။ စိတ်တွေ နောက်ကျိနေသည်။ မှတ်ဉာဏ်တွေကို အတင်းပြန်ခေါ်တော့ ဖြစ်ခဲ့တာတွေက အစီအရီပြန်ပေါ်လာသည်။ မနေ့က နွမ်နဲ့ ကတောက်ကဆ ဖြစ်ခဲ့သည်ပဲ။ ပြီးတော့ နွမ်က မြတ်သောကို ဖန်ခွက်နဲ့ ရိုက်ခဲ့သည်။

လက်နဲ့ စမ်းကြည့်တော့ ခေါင်းမှာ ပတ်တီးပတ်ထားတာကို စမ်းမိသည်။ ကြည့်ရတာတော့ ဆရာဝန် ခေါ်ပေးထားဟန်။

"အာ.. ကျွတ်.. ကျွတ်စ်"

မြတ်သော ငြီးငြူပြီး မျက်လုံးကို အားယူဖွင့်လိုက်သည့်အခါ တွေ့ရသူက ဦးမျိုး။

"သတိရပြီလား မြတ်သော"

မြတ်သော ဘေးဘီကို ဝဲကြည့်သည့်အခါ မြတ်သော၏ အခန်းထဲမှာပင်။

"အာ့.. ကျွတ်စ်.. နွမ်.. နွမ် ရော"

မျိုးမင်း သက်ပြင်းချရင်း ခေါင်းခါမိပါသည်။

ကြည့်ရတာတော့ မြတ်သောက နွမ်ကို ချစ်ပါသည်။ သို့သော် မျိုးမင်းအပေါ် မုန်းသည့်စိတ်ကြောင့် အတ္တကို ရှေ့တန်းတင်လိုက်သည့်အခါ မဖြစ်သင့်တာတွေ ဖြစ်လာခဲ့တာပင်။

"နွမ် ထွက်သွားပြီ.."

"ဘာ !!"

"ဘယ်လိုနေသေးလဲ.. ကိုကြီးဆီကိုတော့ အကြောင်းမကြားရသေးဘူး.. မြတ်သော နေမကောင်းတာ ပြောပြလိုက်ရမလား"

ဦးမျိုး၏ စကားကြောင့် မြတ်သော အားယူထသည့်အခါ ဦးမျိုးက တွဲပေးသည်။ မြတ်သောကတော့ လက်ကိုခါထုတ်လိုက်ကာ...

"မထိနဲ့.. ဖယ်"

"မြတ်သော.."

"နွမ်ကို ဘာလို့ ထွက်သွားခွင့်ပေးရတာလဲ"

"သူက လူလေ.. သူ ထွက်သွားချင်နေတယ်.. ဘယ်လိုတားရမလဲ"

"ကျစ်စ်.. နွမ်ကတော့လေ.. ကျွန်တော့်ဖုန်းပေး.. နွမ်ကို ဖုန်းဆက်မယ်"

"နွမ်က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်သွားတာ"

မြတ်သော မျက်ခုံးတွေကို တွန့်ချိုးလိုက်မိသည်။

"နွမ်က ဆေးမိထားတယ်မလား.. ဦးမျိုးတို့ ဘာတွေ ဆက်ဖြစ်ကြသေးလဲ.. ဦးမျိုး.."

နွမ် (Completed)Tempat cerita menjadi hidup. Temukan sekarang