အပိုင်း - ၄၂
နွမ် ဘန်ကောက်ကို မရင်းနီးပါ။ ထို့ကြောင့် ဒီပတ်ဝန်းကျင်က နွမ်အတွက်တော့ အစိမ်းသက်သက်။ ထို့အပြင် နွမ် ပြေးထွက်လာခဲ့တာမို့ အဝတ်တစ်ထည် ကိုယ်တစ်ခုသာ။ လက်ထဲလည်း ဘာမှ မပါ။
ခန္ဓာကိုယ်ကလည်း တစ်ခုခုကို တောင်းဆိုနေခဲ့သည်။ ညဖက်မို့ နွမ်၏ စိတ်ထဲ ကြောက်စိတ်ကလည်း ကြီးစိုးလာသည်။ အကို့ကွန်ဒိုက လူရှင်းသည်။ ထို့ကြောင့် နွမ် ထွက်လာရ လွယ်တာပင်။ လူတွေကြားထဲ ဖြတ်ထွက်ရလျှင် နွမ် အဆင်ပြေမှာ မဟုတ်လောက်။
ဘန်ကောက်လမ်းမထက် ရောက်လာတော့ လူတွေ ဟိုဒီသွားလာနေကြဆဲ။ ဒီနေရာက ဘယ်နေရာမှန်း နွမ် မသိပါ။ လမ်းနာမည်တွေကို ရေးပြထားသည့်တိုင် ဘယ်နေရာမှန်း နွမ် မသိသေးပါ။ လက်ထဲ ဖုန်းလည်းမပါ။
အကိုက နွမ်ကို လုပ်ရက်ခဲ့လေခြင်း။
နွမ် အကို့ပေါ် ဘာမှ မလုပ်မိခဲ့ပါ။ အကိုက ဘာလို့များ ဒီလောက်ထိ ရက်စက်ရပါ့သလဲ။
နွမ် ဘဝသစ်တစ်ခုမှာ ပျော်ပျော်လေး နေချင်ခဲ့ရုံ။ အရင်က နေ့ရက်တွေကို မေ့လိုက်ချင်ရုံ။ ထားခဲ့ချင်ရုံသာ။ ဒါက နွမ်အတွက် အပြစ်တစ်ခုလား။ ဒီတောင်းဆိုမှုလေးတွေက လောဘကြီးခဲ့လေသလား။ လောကကြီးက နွမ်အပေါ်တော့ မတရားပါ။
ယိုင်နဲ့နဲ့ လျှောက်လာရင်း အများသုံးသန့်စင်ခန်းတစ်ခုကို နွမ် တွေ့လိုက်ရသည်။
ထို့ကြောင့် နွမ် ကမန်းကတမ်းပြေးဝင်ရပါသည်။ ညဖက်မို့ လူရှင်းနေသည်။ တော်သေးသည်ဟု ဆိုရမည်။ ည (၉) နာရီခန့်မို့ သန့်စင်ခန်းထဲ လူသိပ်မရှိပါ။
နွမ် ထောင့်စွန်းက အခန်းတစ်ခုကို ရွေးပြီး ဝင်ရသည်။
ခန္ဓာကိုယ်ကလည်း လိုအင်တွေကို တောင်းဆိုနေဆဲ။ ထို့ကြောင့် နွမ် ဘောင်းဘီဇစ်ကို ဖြုတ်ကာ ညီလေးအား ချော့ရသည်။ လိုအင်တွေကို တောင်းဆိုနေသည့် ညီလေးက အတော်ပင် နာနေခဲ့ပြီ။ လက်နဲ့ အသာယာ ပွတ်ဆွဲပြီး စိတ်လျှော့လိုက်တော့ သိပ်မကြာလိုက်ပါ။ ပြီးမြောက်သွားသည်။ နွမ်၏ ရင်အစုံကတော့ မောဟိုက်လျှက်။ နွမ် ရင်ဘတ်ကို ဖိပြီး အသက်ရှူရပါ၏။
ESTÁS LEYENDO
နွမ် (Completed)