Part 4 (Uni)

8.4K 364 26
                                    

အပိုင်း - ၄

နွမ် အသိအာရုံက လွင့်မျောနေသည်။ ခန္ဓာကိုယ်ကလည်း ပင်ပန်းနေသည်။ သို့သော် ခပ်သင်းသင်း မွှေးရနံ့နှင့် ထိစက်လှသည့် အထိအတွေ့။ ဒီအနေအထားက နွမ်အတွက် ဇိမ်ရှိလွန်းလှ၏။ နွမ် အသိစိတ်တွေကို ပြန်ခေါ်ကြည့်သည့်အခါ အဖြစ်အပျက်တွေက ရုပ်ရှင်ပြကွက်တစ်ခုလို ပြန်ပေါ်လာသည်။ ဟိုလူ နွမ်ကို လိုချင်သည်တဲ့။ နွမ် လက်ခံပြီးနောက် အသိစိတ်တွေ အမှောင်ကျသွားခဲ့တာပင်။ အခုရော နွမ် ဘယ်မှာ ရောက်နေသည်လဲ။

"အာ့.. ကျွတ်.. ကျွတ်.."

နွမ် ခပ်တိုးတိုး ငြီးတွားမိသည်။ တဆတ်ဆတ်ကိုက်နေသည့် ခေါင်း။ နွမ်းနယ်နေသည့် ခန္ဓာကိုယ်။ နွမ် အားယူပြီး မျက်လုံးတွေ ဖွင့်ရသည်။ တကယ်တော့ နွမ် ဆက်အိပ်နေချင်သည်။ ဘယ်နေရာဆိုတာကို မသိရသေးတာကြောင့် ဆက်ပြီး အိပ်ချင်စိတ်ကို မောင်းထုတ်လိုက်ရ၏။

မျက်လုံးဖွင့်လိုက်သည်နှင့် အမြင်အာရုံထဲ ဝင်ရောက်လာသည်က ခမ်းနားလွန်းသည့် မျက်နှာကျက်။ ဒါဆို နွမ် ရောက်နေတာ နွမ်၏ အခန်းမဟုတ်။ ဘယ်နေရာပါလိမ့်။

အထိအတွေ့အရ နွမ် ခေါင်းမှာ ပတ်တီးစီးထားသည်။ ထို့ကြောင့် ကိုင်ကြည့်ဖို့ ညာလက် မြှောက်ရန် အားယူလိုက်သည်။

"ဟင်.. !!"

နွမ် အမြင်အာရုံတွေ ကြည်လင်လာသည်။ ခေါင်းစောင်းကြည့်လိုက်သည့်အချိန် နွမ်၏ ကမ္ဘာကြီး ချာချာလည်သွားတော့သည်။

နွမ်၏ ဘယ်လက်မှာ ဆေးချိတ်ထားပြီး နွမ်၏ ကိုယ်ပေါ်မှာတော့ ညဝတ်အင်္ကျီဝတ်ပေးထားသည်။ ဘယ်သူဝတ်ပေးထားလဲတော့ နွမ် မသိ။ ပြီးတော့ နွမ် ဘယ်လောက်ကြာကြာ အိပ်ပျော်နေခဲ့သည်လဲ။

"ပီခေါင်.."

နွမ် ခပ်တိုးတိုး ခေါ်လိုက်သည့်အခါ နိုးလာသည့် ထိုလူ။

ပီခေါင်က နွမ်၏ ညာလက်ကို ဆုပ်ကိုင်ကာ အိပ်ပျော်နေတာပင်။ ဒါက ဘယ်လို အခြေနေကြီးလဲ။

နွမ် ခေါ်လိုက်တာကြောင့် ပီခေါင် နိုးလာပြီ။ ပီခေါင်က အအိပ်ဆတ်ပုံရပါ၏။

"အင်း.. နိုးပြီလား"

နွမ် ထမည်အပြု ပီခေါင်က နွမ်ကို ထူပေးသည်။ ဆုပ်ကိုင်ထားသည့် ညာလက်ကိုလည်း လွှတ်ပေးသည်။ လက်လွှတ်လိုက်ချိန် နွမ် ရင်ထဲမှာ အမည်မသိသည့် ခံစားချက်တချို့ ဖြတ်ပြေးသွားပါ၏။ သို့သော် နွမ် ထိုအရာကို ဂရုမစိုက်အား။ သိချင်တာကို အရင်မေးရမည်။

နွမ် (Completed)Où les histoires vivent. Découvrez maintenant