Part 39 (Uni)

2.6K 223 51
                                    

အပိုင်း - ၃၉

ခေါင်နွံလာ့ အိမ်တော် ပြန်ရောက်တော့ နွမ်၏ အခန်းလေးဆီသာ ဦးတည်မိပါ၏။ ဆေးရုံဆင်းလာသည့် လမ်းတစ်လျှောက်လုံးလည်း ဘာစကားမှ မပြောနိုင်။ ရင်ထဲမှာ မွန်းကျပ်နေတာကြောင့် ခေါင်နွံလာ့ စိတ်နဲ့လူ မကပ်။ ထို့ကြောင့် နောက်မှာ လိုက်လာပေးသည့် အိမ်တော်ထိန်းက သက်ပြင်းတချချ။

ခေါင်နွံလာ့ အိမ်တော်ထိန်းအား ပြုံးပြလိုက်သည်။ အပြုံးတွေက အားမရှိလှ။ ပီပြင်ဖို့ တော်တော်လေး အားထုတ်ထားရတာပင်။

"အိမ်တော်ထိန်း.. ကျွန်တော် တစ်ယောက်တည်း နေချင်လို့"

"သိပါပြီ"

အိမ်တော်ထိန်းက အိမ်အကူလေးတွေကို ခေါ်ထုတ်သွားပြီး ခေါင်နွံလာ့အား တစ်ယောက်တည်းထားခဲ့ပါသည်။

အခန်းထဲကို ဝင်လိုက်တော့ လစ်ဟာသွားခဲ့ရသည့် ရင်ဘတ်။ နာကျင်မှုက အတိုင်းဆမဲ့။ မငိုပါဟု တင်းထားခဲ့သည့်တိုင် မျက်လုံးကတော့ ခေါင်နွံလာ့၏ ဦးနှောက်ကို သစ္စာဖောက်လေသည်။ စီးကျလာသည့် မျက်ရည်တွေကို ထိန်းမရခဲ့ပါ။

လက်ထဲမှာတော့ ဆေးရုံမှာ ကတည်းက တစ်ချိန်လုံး ဆုပ်ကိုင်ထားခဲ့သည့် လက်ပတ်လေး (၂) ခု။

"နွမ်.. အဆင်ပြေရဲ့လား... လွမ်းလိုက်တာ နွမ်ရယ်"

အခန်းလေးကတော့ တိတ်ဆိတ်လျှက်။ ခေါင်နွံလာ့ ကုတင်ခြေရင်း ကြမ်းပြင်ပေါ်ထိုင်ချပြီး ကုတင်လေးအား မှီထားမိသည်။ ဒီအခန်းထဲမှာ နွမ်၏ အငွေ့သက်လေးတွေ ကျန်နေပါသေး၏။ နွမ်၏ လှုပ်ရှားဟန်လေးတွေကို မြင်ယောင်မိတော့ နှုတ်ခမ်းတို့က အလိုလို ပြုံးမိသွားသည်။ ရင်ဘတ်တစ်ခုလုံးကတော့ စုတ်ပြတ်သတ်နေခဲ့ပြီ။

ဒီအခန်းလေးထဲမှာ နွမ် ရှိခဲ့ဖူးသည်။ နွမ်၏ ပုံရိပ်လေးတွေ ဝင်ရောက်လာတော့ နှုတ်ခမ်းတွေက ပြုံးမိလျှက်သားပင်။ နွမ် ဆိုတာ ခေါင်နွံလာ့အတွက်တော့ အရာရာမဟုတ်ပါလား။

သူ ပျော်ပါစေဆိုသည့် စွန့်လွှတ်မှုမှာ ကိုယ့်နှလုံးသားကတော့ စုတ်ပြတ်နေခဲ့ပြီ။

"ကိုယ် ဒီ (၃) ရက်လုံး အဆင်မပြေဘူး နွမ်ရယ်.. တိုက်ဆိုင်တာတွေ ရှိလည်း လွမ်းတယ်.. မတိုက်ဆိုင်လည်း နှလုံးသားက နွမ်လို့ပဲ အော်ခေါ်နေမိတယ်"

နွမ် (Completed)Tempat cerita menjadi hidup. Temukan sekarang