Part 3 (Z)

2.2K 71 14
                                    

အပိုင်း - ၃

"ခမ်း.. ဒီကောင်လေးကို ငါ ခေါ်သွားမယ်"

ပီခေါင်ထံမှ ထွက်ပေါ်လာသည့် ပြတ်သားလှသော အမိန့်။ ပီခမ်း မျက်လုံးပြူးသွားရပြီ။

"ဗျာ !!"

"အင်းး"

"နွမ်.. နွမ်ကိုလား"

"ဘာလို့လဲ.. မရဘူးလား"

ပီခေါင်က နွမ်ကို ရွေးလိုက်သည်တဲ့လား။ နွမ် သက်ပြင်းခပ်ဖွဖွချမိသည်။ လုပ်ဖော်ကိုင်ဖက်တွေအတွက် ရှေ့ထွက်ရပ်ခဲ့တာက ဒီလို အရွေးခံရဖို့တော့မဟုတ်။ နွမ် မနေ့က အရှိန်တွေကြောင့် ဒီနေ့ Sex လုပ်ချင်စိတ် လုံးဝရှိမနေ။

ပီခမ်းက နွမ်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချသည်။

"ရ.. ရပါတယ်"

ပီခေါင်က နွမ်ကို ကြည့်သည်။

"သွားရအောင်.. ကိုယ် မင်းကိုပဲ ခေါ်သွားတော့မယ်"

နွမ်၏ ပခုံးကို ခပ်ဖွဖွလာဖက်သည့် ပီခေါင်။ နွမ် ပီခေါင်၏ လက်ထဲမှ ပခုံးလေးတွန့်ကာ ရုန်းထွက်လိုက်သည်။ ထိုအပြုမူကြောင့် ပီခေါင်က မျက်ခုံးတွေ စုကျုံ့ပြီး နွမ်ကို ကြည့်သည်။

"ဆောရီး.. နွမ်.. ခင်ဗျားနဲ့ မလိုက်နိုင်ဘူး"

"ဘာ !"

"ဟုတ်တယ်.. နွမ်က တစ်ပတ်ကို တစ်ယောက်ပဲ လက်ခံတာ.. နွမ် မနေ့ကမှ Sex လုပ်ထားတာကြောင့် ဒီည ခင်ဗျားနဲ့ မအိပ်နိုင်ဘူး"

"အဟက်.. !!"

"ခင်ဗျား ဘာရယ်တာလဲ"

ခေါင်နွံလာ့ ထိုကောင်လေး၏ မေးစေ့မှ ပင့်ကာ ကိုင်လိုက်သည်။ လှသလောက် အကြောကတော့မသေးလှသည့် ကောင်လေး။

"ကိုယ်လိုချင်ရင် မင်း ငြင်းလို့မရဘူး"

"ဟူး.. ကျွန်တော်ပြောတာ ခင်ဗျား နားမလည်ဘူးလား.. ကျွန်တော့်ခန္ဓာကိုယ်က ဒီညအတွက် အဆင်သင့်မဖြစ်သေးဘူး"

"မင်းလိုကောင်ကများ.."

"ကျွန်တော်က မဖြစ်ဘူးလို့ ပြောနေတယ်လေ"

"ငါက ဖြစ်ဆိုရင် ဖြစ်ရမယ်"

"ဘာလို့လဲ"

"မင်းလိုကောင်က ငါ့အမိန့်ကို ငြင်းဆန်ခွင့်မရှိဘူး"

နွမ် (Completed)Dove le storie prendono vita. Scoprilo ora