Part 18 (Uni)

4.5K 254 17
                                    

အပိုင်း - ၁၈

မြေအောက်ခန်း။ ထိုင်ခုံမှာ ကြိုးချည်ခံထားရသည့် လူတစ်ယောက်။ ခပ်မှိန်မှိန်မီးရောင် အောက်မှာ ထိုလူက ဇက်ကျိုးကျနေသည်။ ကြည့်ရတာတော့ မိုရမ်က လက်စကိုင်ထားပုံရသည်။ မိုရမ်လက်ဆကလည်း ပြင်းလှမှန်း ခေါင်နွံလာ့ သိပြီးသား။

ခေါင်နွံလာ့ မိုရမ်ကို မေးဆတ်ပြလိုက်သည်။

"နှိုူးလိုက်တော့"

"ဟုတ်ကဲ့ ပီခေါင်"

ထို့နောက် မိုရမ်က ရေတစ်ပုံး ယူလာပြီး ပက်လိုက်လေသည်။

-ဗွမ်း-

"အဟွတ်.. အဟွတ်.. အဟွတ်.."

"နိုးပြီလား"

ခေါင်နွံလာ့ ခုံတစ်လုံးဆွဲပြီး ခြေထောက်တစ်ဖက်တင်လိုက်သည်။ ထို့နောက် ထိုင်ခုံနောက်မှီမှာ လက်ထောက်ပြီး ထိုလူအား ကြည့်လိုက်ပါ၏။

"အဟွတ်.. ဟွတ်.. ဟင်.. ပီ.. ပီခေါင်"

ခေါင်နွံလာ့ နှုတ်ခမ်းတစ်ဖက်တည်းကို ကွေးတက်နေအောင် ပြုံးမိသည်။

"ငါ ဘယ်သူလဲ သိတယ်ပေါ့"

"ပီခေါင်.."

"အင်း.. မှန်တယ်.. ငါ့ကို သိတယ်ဆိုတော့ .. အချင်းချင်း မိတ်ဆက်စရာမလိုတော့ဘူးပေါ့.. ဟုတ်တယ်မလား"

"ပီ.. ပီခေါင်.. ဘာ.. ဘာလုပ်ချင်တာလဲ"

"စိတ်အေးအေးထား.. စကားနည်းနည်း ပြောကြတာပေါ့.. ဟုတ်ပြီလား"

"ပီခေါင်.. ကျွန်တော့် လုပ်ငန်းက သေးသေးလေးပါ.. အဟွတ်.. ဘာ.. ဘာလို့ ခုလို လုပ်.. လုပ်ရတာလဲ"

"မင်းရဲ့ လုပ်ငန်းကို ငါက မျက်စိကျမယ် ထင်လို့လား"

"ဟင်.. မဟုတ်.. မဟုတ်ဘူးလား"

"မဟုတ်ပါဘူး.. မင်းလုပ်ငန်းက လက်သည်းခွံလောက်လေးရှိတာ.. ငါက ဘာလို့ လိုချင်ရမှာလဲ.. လိုချင်လည်း မင်းကို ခေါ်လာဖို့မလိုဘူးလေ.. အဟင်း.. မေးစရာရှိတယ်"

ကြိုးချည်ခံထားရသည့်လူက တုန်နေပြီ။

"ဟုတ်.. ကဲ့.. မေး.. မေးပါ"

"နွမ်.. နွမ်ခွန်းထံကို သိလား"

"ဟင်.. ဘယ်.. ဘယ်သူ.. အာ.. သိတယ်"

နွမ် (Completed)Wo Geschichten leben. Entdecke jetzt