Part 14 (Z)

1K 26 0
                                    

အပိုင်း - ၁၄

ကားပေါ်မှာ နွမ်က ဘာမှ မပြော။ မှန်မှဖြတ်မြင်နေရသည့် ရှုခင်းတွေကိုသာ ကြည့်နေသည်။ အပြန်ကို ခေါင်နွံလာ့ ကားမမောင်းနိုင်။ နွမ်က စိတ်နဲ့လူနဲ့ မကပ်။ ရုတ်တရက် ပြောင်းလဲသွားသည့် နွမ်။ တစ်ရက်လုံး ပြုံးရွှင်ပြီး ပျော်ရွှင်နေခဲ့သည့် နွမ်က ခုလိုပုံ ဖြစ်သွားခဲ့သည်။

ခေါင်နွံလာ့ နွမ်၏ ဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်။ ထိုအခါ နွမ်က လှည့်ကြည့်လာခဲ့ပါ၏။

"နွမ်.. အဆင်ပြေသွားပါပြီ"

ခေါင်နွံလာ့ ခေါင်းညိတ်မိသည်။ သက်ပြင်းလည်း ခပ်ဖွဖွချသည်။

"ဟုတ်လို့လား.. ခုထိ ဖြူဖျော့နေတုန်းပဲလေ.. မျက်နှာမှာ သွေးတောင်မရှိတော့ဘူး"

နွမ် ပြုံးပြလိုက်သည်။

"အုန်းရည်သောက်ချင်တယ်"

ထိုအခါ ပီခေါင်က ပြာပြာသလဲ ယူပေးရှာသည်။

"အင်း.. ဒီမှာ.. သောက်လိုက်နော် နွမ်"

နွမ် ပီခေါင် ကမ်းပေးလာသည့် အုန်းရည်ကို ပိုက်လေးနဲ့ စုပ်ယူသည်။ ခပ်အေးအေး ခပ်ချိုချို အုန်းရည်လေးကြောင့် နွမ် အနည်းငယ်တော့ စိတ်လန်းသွားရသည်။

"နွမ်ကြောင့် လန့်သွားတာလား.. တောင်းပန်ပါတယ်"

"အာ.. နွမ်က ဘာလို့ တောင်းပန်နေရတာလဲ"

"ဟို.. နွမ်ကြောင့် ညစာလည်း မစားခဲ့ရဘူး.. ပီခေါင် ဗိုက်ဆာနေပြီလား"

"နွမ်က အရေးကြီးတာလေ.. ခုချိန်မှာ အဲ့တာတွေက အရေးမကြီးပါဘူး.. ညစာက နောက်မှ စားလည်းရပါတယ်"

ပီခေါင်၏ စကားကြောင့် နွမ် နှုတ်ခမ်းလေးတွေ ခပ်ဟဟ ပွင့်သွားကြသည်။ နွမ်က အရေးကြီးသည်တဲ့လား။

"နွမ်က အရေးကြီးတယ်... လား"

"အရေးကြီးတာပေါ့ နွမ်ရဲ့"

နွမ် ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

"အင်း.. ပီခေါင် ဘာမှမလုပ်ရသေး...လို့... သေသွားမှာ စိုးတာလား"

"ကျစ်.. နွမ် .. ကိုယ် နွမ်ကို ခေါ်ထားတာ အိပ်ယာပေါ်မှာ ချစ်ရည်လူးဖို့လို့ပဲ ဘာလို့ တွေးနေရတာလဲကွာ"

နွမ် (Completed)Where stories live. Discover now