Part 45 (Uni)

4.2K 305 47
                                    

အပိုင်း - ၄၅

နွမ်ကို ဆရာဝန်တွေ စမ်းသပ်နေကြတော့ ခေါင်နွံလာ့ အပြင်ကသာ ကြည့်နေရသည်။ နွမ်ကတော့ ကုတင်ပေါ်ကနေ ဆရာဝန်တွေ မေးတာကို ဖြေနေရှာသည်။ ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်၊ ပြန်ဖြေလိုက်လုပ်နေသည့် ကောင်လေး။

စစ်ဆေးအပြီး ဆေးအပ်တပ်ချိန် နွမ် တစ်ချက်တော့ တွန့်သွားပါ၏။ သို့သော် ခေါင်နွံလာ့ဖက်လှည့်ကြည့်ကာ ပြုံးပြလာသည်။ သူ့ကို စိတ်မပူစေချင်သည့် သဘော။ ခေါင်နွံလာ့ ပြုံးရင်း ခေါင်းညိတ်ပြလိုက်ရပါသည်။

ခေါင်နွံလာ့ နွမ်၏ အခန်းရှေ့ ဟိုဖက်ဒီဖက်လျှောက်လိုက် သက်ပြင်းချလိုက်။ ထိုင်မရ၊ ထမရ။ နွမ်ကို ချောင်းကြည့်လိုက်နဲ့။ ဒီကောင်လေး ထပ်ပျောက်သွားမှာကို သိပ်ကြောက်ပါသည်။ ထို့ကြောင့် ခုလို အခြေနေလေး ခွဲနေရတာကိုတောင် စိတ်က ဘဝင်မကျချင်။ ဆရာဝန်တွေ စမ်းသပ်နေတာကလည်း ခေါင်နွံလာ့ စိတ်ထဲ တစ်ကမ္ဘာစာလောက် ကြာနေသလိုပင်။

"ပီခေါင်"

မိုရမ်၏ ခေါ်သံကြောင့် လမ်းလျှောက်နေရာက ရပ်ပြီး မေးဆတ်ပြလိုက်ရသည်။

"အင်း.. ပြောလေ မိုရမ်"

"စိတ်ပူနေတာလား"

"အင်း"

မိုရမ်က ခေါင်နွံလာ့နား လာရပ်သည်။

"ပီခေါင် ခဏလောက်ထိုင်ပါလား... နွမ်ကို စစ်ဆေးပေးနေတဲ့ အားလုံးက ကျွမ်းကျင်ဆရာဝန်နဲ့ သူနာပြုတွေပါ"

"သိတယ်.. ဒါပေမယ့် အရမ်းကြာနေပြီ"

မိုရမ်က ပြုံးပါသည်။

"နွမ်ကို သေသေချာချာ စစ်ဆေးနေရတော့ ကြာနေတာပါ.. နွမ်က ဘန်ကောက်ကနေ ပတ္တယားထိ နာရီ (၂၀) ကျော်လောက် လမ်းလျှောက်လာတာလေ ပီခေါင်"

ခေါင်နွံလာ့ သက်ပြင်းချရသည်။ နွမ် ဘယ်လိုစိတ်နဲ့ ဒီလို လုပ်ခဲ့ပါလိမ့်။ လမ်းမှာ တစ်ခုခု ဖြစ်သွားပါက ခေါင်နွံလာ့ ရင်ကျိုးပြီး ခေါက်'ခနဲ လဲသေသွားနိုင်သည်။

"အင်း"

"စိတ်အေးအေးထားပြီး ခဏလောက်ထိုင်ပါ ပီခေါင်"

နွမ် (Completed)Tempat cerita menjadi hidup. Temukan sekarang