Part 8 (Uni)

5.8K 276 12
                                    

အပိုင်း - ၈

ညစာစားနေသည့် နွမ်က ဘာစကားမှမဆို။ အစားကိုသာ အာရုံစိုက်ထားပုံရသည်။ အနောက်တိုင်းစတိုင် ပြင်ဆင်ထားသည့် အစားသောက်တွေထဲမှ နွမ်က အသီးသုတ်နှင့် ရွှေဖရုံဟင်းရည်ကိုသာ အတော်များများစားသည်။ အသားတွေကို သိပ်မထိ။

ရွှေဖရုံဟင်းရည်ကတော့ ရွှေဖရုံသီးကို ချေပြီး အရသာမှုန့်တွေနဲ့ ကြိုချက်ထားတာပင်။ ခပ်မွှေးမွှေး ခပ်ချိုချိုအရသာလေးကြောင့် အတော်လေးစားကောင်းသည်။ အသီးသုတ်ဆိုတာကတော့ ပန်းသီး၊နာနတ်သီး၊ စပျစ်သီး၊လိမ္မော်သီး စတာတွေအပြင် ရာသီပေါ်အသီးတွေကို Mayo (မရောနိ) ဖြင့် သုတ်ထားတာဖြစ်သည်။

"နွမ်"

ခေါင်နွံလာ့ခေါ်လိုက်သည့်အခါ နွမ်က မော့ကြည့်လာသည်။

"အွန်း.. ပြောလေ ပီခေါင်"

"စားရတာ အဆင်ပြေရဲ့လား"

"ပြေပါတယ်.. ဘာလို့လဲ"

"နွမ် စားတော့ စားပေမယ့် အသားပွဲတွေကို သိပ်မထိသလိုပဲ.. စားမကောင်းလို့လား.. ဒါမှမဟုတ် မကြိုက်တာလား"

"နွမ်က အသား သိပ်မကြိုက်လို့ပါ"

"အာ.. ဆောရီး ကိုယ် မမေးမိလိုက်တာ"

"ရပါတယ်.. ကျန်တာတွေ စားလို့ရနေတာပဲလေ.. အဆင်ပြေပါတယ်"

"အင်း.. နွမ် ဘာစားမလဲ.. ဘာစားချင်သေးလဲ.. ကိုယ် ပြင်ခိုင်းပေးမယ်လေ"

"ရပါပြီ.. နွမ်..ဗိုက်ဝနေပြီ.. ဒီနေ့ ညစာအတွက် ကျေးဇူးတင်ပါတယ် ပီခေါင်"

နွမ်တကယ် ကျေးဇူးတင်ပါသည်။ အစားသောက်တွေကြောင့်တော့ မဟုတ်။ ဒီကနေ မြင်ရသည့် ရှုခင်းကို သဘောကျတာကြောင့်ပင်။ ထို့အပြင် ဒီ Dining Room မှာ ပြင်ထားသည့် ကျူးလစ်ပန်းရောင်တွေက နွမ် ကို ခံစားချက်တွေပေးသည်။

"ကျေးဇူးတင်ရင် ကိုယ် တစ်ခုလောက် ပြန်တောင်းဆိုမယ်လေ နွမ်"

အာ.. ဟုတ်သည်ပဲ။ သူတစ်ခု တောင်းဆိုမည်ဟု နွမ်ကို ပြောထားသည်။ နွမ် မေ့တော့မလို့ပင်။

"ပြောပါ.. ပီခေါင် ဘာလိုချင်လို့လဲ.. နွမ် ဘာလုပ်ပေးရမလဲဟင်"

နွမ် (Completed)Onde histórias criam vida. Descubra agora