Part 49 (Z)

669 30 1
                                    

အပိုင်း - ၄၉

မိုရမ်၏ လက်ချက်နဲ့ ခေါင်နွံလာ့ နွမ်ကို တော်တော်လေး ချော့လိုက်ရပါသည်။ နွမ်က ကြာကြာတော့ မကောက်တတ်ပါ။ အပြင်ခေါ်လည်မည်၊ ကြက်ကြော်ဝယ်ကျွေးမည်' ဆိုတာနဲ့တင် စိတ်ပြေသွားရှာပြီ။ အခုတော့ ခေါင်နွံလာ့၏ ရင်ဘတ်ပေါ်မှာ ခေါင်းလေးမှီလို့။ ကုတင်ပေါ်မှာ နှစ်ယောက်လုံးဆန့်ဆန့်လေးတွေ။ နွမ်၏ ခပ်သင်းသင်း ကိုယ်သင်းနံ့လေးကြောင့် ခေါင်နွံလာ့ စိတ်ကြည်ရသည်။

"နွမ်.."

ခေါ်လိုက်သည့်အခါ နွမ်က ထပြီး ခေါင်နွံလာ့ကို ကြည့်လာခဲ့ပါသည်။

"အွန်း.. ပင်ပန်းနေလား.. နွမ် နှိပ်ပေးမယ်လေ"

ခေါင်နွံလာ့ ပြန်ရောက်ရောက်ချင်း စိတ်ကောက်နေတာ သူမဟုတ်သည့်အတိုင်းပင်။ နွမ်က သိပ်ကို ချစ်စရာကောင်းပါသည်။

"ကိုယ် မပင်ပန်းပါဘူးကွာ.."

"ဟုတ်လို့လား.. ဘန်ကောက်ကို အစောကြီးသွားပြီး နေ့ချင်းပြန်လာတာလေ.. ပြီးတော့ အလုပ်ကိစ္စမဟုတ်လား.. အနည်းနဲ့ အများတော့ ပင်ပန်းခဲ့မှာပဲ"

"အဲ့တာကို သိရက်နဲ့ ကိုယ့်ကို စိတ်ကောက်သေးတယ်မလား"

"ဟီး.. အဲ့တာကလေ.. မိုရမ်က စိတ်ကောက်လို့ရတယ်ဆိုလို့"

"မိုရမ်ကတော့လေ.. ကိုယ့်ကို စိတ်ကောက်ရတာ ပျော်လား"

နွမ်က ခေါင်းညိတ်ပြသည်။

"ပျော်တယ်.. ပီခေါင်က ချော့တာကိုး.. နွမ် ပျော်တာပေါ့"

"ဒါဆို ကိုယ်မချော့ရင်ရော"

"ဟွန့်.. ပီခေါင် မချော့ရင် နွမ် ဟိုဖက်အခန်းမှာ သွားအိပ်ပစ်မှာ"

"ဟား.. ဟား.. နွမ်ကတော့ကွာ.. ကိုယ်က မချော့ဘဲ နေနိုင်ပါ့မလား.. ခြိမ်းခြောက်ပုံကြီး ကြောက်လိုက်တာကွာ"

"စကားမလွှဲနဲ့ .. ပီခေါင် ပင်ပန်းလာတယ်မဟုတ်လား"

"ကိုယ် အလုပ်ကိစ္စတွေရှိရင် ဒီလိုပဲ သွားနေကျပါ.. ဒီလောက်ကတော့ ဘာမှမဟုတ်ဘူးလေ နွမ်"

"အွန်း .. ဘန်ကောက်က အလုပ်ကိစ္စတွေရော အဆင်ပြေခဲ့ရဲ့လား"

ခေါင်နွံလာ့ နွမ်၏ လက်လေးတွေကို နမ်းသည်။ ပြီးမှ ထထိုင်ကာ နွမ်နဲ့ မျက်နှာချင်းဆိုင်လိုက်သည်။

နွမ် (Completed)Wo Geschichten leben. Entdecke jetzt